စိတ်ခံစားချက်တွေဟာ သိပ်ဆန်းကြယ်တယ်။
ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာ
သူစိမ်းတစ်ယောက်ကို
မေတ္တာသက်ဝင်သွားနိုင်သလို၊
အချိန်တွေတရွေ့ရွေ့
ကုန်ဆုံးသွားခြင်းတွေအပေါ်မူတည်ပြီးလဲ
လူတစ်ယောက်ကိုသဘောကျသွားနိုင်တာပဲ။နှလုံးသားရေးရာမှာ စည်းတွေမရှိဘူး၊
ဦးနှောက်ကများ ထိန်းချုပ်သွားခဲ့ရင်တော့
တစ်မျိုးပေါ့ကွယ်။
အချစ်ဟာ အသွင်စုံတယ်၊ မာယာတွေများတယ်။
ကျွန်တော်ကတော့ ရိုးရှင်းတဲ့သူမို့
အရိုးစင်းဆုံးအခြင်းအရာတွေနဲ့ပဲ
အကို့အားမြတ်နိုးမိချင်ပါသေးတယ်။--------------------------------
ဒီရက်တွေထဲ အကိုနဲ့ဂျွန် အရင်ကထပ်ပို၍
ရင်းနှီးစွာဖြင့်သွားသွားလာလာ၊
ပြောပြောဆိုဆိုတွေရှိခဲ့သည်။
ကျောင်းပို့ကျောင်းကြိုကိုလဲ အကိုကပဲ
ဂရုစိုက်ပေးနေတာမို့ ဒရိုင်ဘာကြီးကတော့
အချိန်တွေ ပိုနေလောက်သည်။
နေ့လည်စာစားချိန်တွင်လည်း အကိုကဂျွန်တို့
ဆေးတက္ကသိုလ်နားကဆိုင်လေးဆီ
ရောက်လာတတ်ပြီး အမြဲမဟုတ်သော်ငြား
တစ်ပတ်မှာ သုံးရက်လောက်တော့ အတူတူ
နေ့လည်စာစားဖြစ်သည်။
တစ်ခါတစ်ရံ တွင်လည်းဘယ်ရီက
လိုက်ပါလာတတ်ပြီးတစ်ခါတစ်ရံတော့လဲ
ပါမလာသည်မို့ဂျွန်နဲ့အကိုက
စကားတွေတပြောပြောဖြင့်သာ နေ့လည်စာစားချိန်
တွေဟာ အကုန်မြန်နေခဲ့သလို။" မင်း လွန်တယ်မထင်ဘူးလား ဂျောင်ဂု..."
နေ့လည်စာစားချိန်မို့ စာအုပ်တွေကို
ခပ်သွက်သွက်လေးပိတ်သိမ်းနေသောဂျွန့်ကို
ကြည့်ကာ ဟိုဘီတစ်ယောက်မကျေနပ်တော့ပေ။" ငါပြောနေတာကြားရဲ့လား ဂျောင်ဂု..."
" ဘာဖြစ်နေတာလဲဟိုဘီ..."
" မင်း ငါ့ကိုချန်ခဲ့ပြီးတစ်ယောက်ထဲ
နေ့လည်စာ သွားစားနေတဲ့ရက်တွေ
များနေပြီလေ... "" တစ်ယောက်ထဲမဟုတ်ပါဘူး အကိုနဲ့ပါ..."
မျက်မှန်လေးကိုပင့်တင်းရင်းပြောလာသည့်
ဂျွန်ကိုကြည့်ကာ ဟိုဘီတစ်ယောက် အံကြိတ်
ထားနေရသည်။" အေးလေ...အဲ့ဒါ ဘာလို့ငါ့ကိုချန်နေခဲ့ရတာလဲ...
ငါ့ကိုလဲခေါ်သင့်တယ် မထင်ဘူးလား.... "