ဆိုးလ်မြို့ရဲ့ ထိပ်တန်းနာမည်ကြီး
ဟော်တယ်တစ်ခုရဲ့ရှေ့တွင် ကားလေးကို
ရပ်တန့်လိုက်တော့ ဦးစွာ ကားထဲမှဆင်းလာသူ
ဂျီမင်သည် ချမ်းသာကြွယ်ဝသည့် လုပ်ငန်းရှင်ပီပီအရှိန်အဝါတွေဖြင့် ထည်ထည်ဝါဝါပါပဲ။ထို့အတူ ကားလေးထဲမှ ထပ်မံထွက်လာသူ
ဆေးကျောင်းသားလေးကတော့
ပုံမှန်မြင်နေကျလိုကပိုကယိုလေးမဟုတ်တော့ ၊
ဆံစတွေကိုမျက်နှာလေး
ရှင်းသန့်နေအောင်ထိ ဖြီးလိမ်းထားပြီး
ဝတ်စားဆင်ယင်ထားပုံက ခန့်ညားလှသည့်
အမျိုးသားတစ်ဦးလို ။အပြင်ကကြည့်ရတာတောင်
အထက်တန်းဆန်ဆန်မြင့်မားလှသည့်
ထိုဟော်တယ်ကြီးရဲ့ ရှေ့တွင်
ခြေစုံရပ်လိုက်မိတော့ ဂျွန်က အနည်းငယ်
စိတ်လှုပ်ရှားသည်ထင်ပါရဲ့။
လေပူတွေကိုမသိမသာ မှုတ်ထုတ်လိုက်ရင်း
ဘေးကအကို့ကိုကြည့်မိတော့ ခေါင်းလေး
ညိမ့်ရင်းပြုံးပြလာသည်။" ဝင်ရအောင်လေ..."
အကိုနဲ့အတူ ခမ်းနားလှသည့် ထိုနေရာဆီသို့
ဝင်ရောက်လိုက်တော့ အတွင်းပိုင်း
အပြင်အဆင်က ပို၍ပင် မျက်စိတွေ
ကြိမ်းသည်အထိ။
တန်ဖိုးကြီး ရွှေထည်ငွေထည်တွေနဲ့ အတွင်းပိုင်းကို
သေသပ်လှပအောင် ပြင်ဆင်ထားပုံက
လက်ရာမြောက်လွန်းသည်။" အဆင်ပြေရဲ့လား..."
" ပြေသလိုပါပဲ..."
ဂျွန့်အဖြေကြောင့် ဂျီမင်ကမသိမသာလေး
တစ်ချက်ပြုံးလိုက်ရင်း ဓာတ်လှေကားဖြင့်
တတ်လာခဲ့တာသည် အပေါ်ဆုံးအလွှာဆီ။
ဓာတ်လှေကားထဲတွင်လည်း တိတ်ဆိတ်ရင်း
စိတ်လှုပ်ရှားနေသည့်ဂျွန်က လက်ချောင်းလေးတွေ
လှုပ်စိလှုပ်စိဖြင့်သာ။ထိုစဥ် အပေါ်ဆုံးအလွှာဆီရောက်တော့
ရပ်တန့်သွားသည့် ထိုဓာတ်လှေကားကြောင့်
ထိုအလွှာဆီခြေချမိလိုက်ချိန်တွင်
ဂျွန့်မျက်လုံးလေးတွေပို၍ပင်
ဝိုင်းစက်သွားတော့သည်။တီဗွီတွေ၊ ဇာတ်လမ်းတွဲတွေထဲလောက်မှာပဲ
မြင်ဖူးသည့်လူချမ်းသာတွေကြီး စုဝေးသည့်
ပွဲတစ်ခုဟာ ကြီးကျယ်ခမ်းနားလွန်းစွာဖြင့်မျက်ဝါးထင်ထင် တွေ့မြင်နေရသည်။