" မဆိုးဘူး ဒါလေးလဲလှတယ်..."
ပွဲတတ်ရမည်မို့ အလုပ်ပြန်ချိန်ညနေပိုင်းလောက်တွင်
ဘယ်ရီကဂျီမင်နဲ့အတူပွဲတတ်ဝတ်စုံ
ရွေးနေခြင်းဖြစ်သည်။" ကိုကိုကလဲ သေချာလဲမကြည့်ဘဲ..."
" ကြည့်နေတယ်လေ ဘယ်ရီရဲ့ တကယ်
လှတာပါဆို..."နာရီကိုတကြည့်ကြည့်နဲ့သာအာရုံတွေက
ဘယ်ရီထံရှိပုံမပေါ်တာမို့ ဘလူးဘယ်ရီတို့
နှုတ်ခမ်းလေးထော်နေတော့သည်။" ဟုတ်လို့လား.."
" ဟုတ်တယ်..."
" ဒါဆိုဒါလေးယူလိုက်ရမလား..."
ခရမ်းရောင်အက်ျီ ဂါဝန်ခပ်ကားကားလေးကို
ဝတ်ရင်း သူမကသူ့ကိုသူအစုံအဆန်
ကြည့်နေသည်။" ယူလိုက်လေ ဘယ်ရီကအသားဖြူတော့
လိုက်တယ်..."" အင်း ဒါဆိုလဲဒါပဲယူမယ်..."
ဂျီမင်အဖြေကိုသဘောကျသွားပြီမို့
ဒီခရမ်းရောင်ဝတ်စုံလေးကိုပဲယူဖို့
သဘောတူလိုက်သည်။" ကိုကို့အတွက်ကရော..."
" ရတယ် ကိုကိုက... ဘယ်ရီဝတ်စုံနဲ့
လိုက်မယ့်ဟာ တစ်စုံပဲယူလိုက်တော့မယ်..."" ကိုကို့သဘောလေ..."
သူမကသူ၏ကိုယ်ပေါ်ကဝတ်ဆင်ထားသည့်
ထိုခရမ်းရောင်ဂါဝန်လေးကိုအဝတ်လဲခန်းထဲတွင်
ဝင်ရောက်လဲလှယ်သည်။အပြင်တွင်ရပ်စောင့်ကျန်ရစ်ခဲ့သော
ဂျီမင်ကတော့ တစ်ယောက်သောသူရဲ့
ကျောင်းဆင်းချိန်နဲ့ကွက်တိဖြစ်စေရန်အတွက်
အချိန်ကိုကြည့်ရင်း တစ်ယောက်ထဲ
လောနေမိသည်။" ပြီးပြီ.... ကိုကို..."
" သွားရအောင်လေ ဒါဆို..."
ဦးစြာပဲ ဂျီမင်ကခပ်သွက်သွက်ခြေလှမ်းတွေနဲ့
ကားဆီသို့သွားနေသည်ကို ဘယ်ရီက
သတိထားမိသည်။
ကားထဲကိုဝင်ရောက်လိုက်တော့လဲ ဂျီမင်က
ခပ်မြန်မြန်ကားစက်နှိုးကာထိုနေရာမှ
ထွက်လာခဲ့သည်။" ကိုကို ချိန်းထားတာရှိလို့လား..."
" မရှိပါဘူး ဘယ်ရီ...ဘာလို့လဲ "