" Congratulations ပါ ဂျီမင်..."
ဝိုင်ခွက်လေးကိုဝှေ့ယမ်းရင်း စကိုင်းကဂျီမင်နဲ့
ခွက်ချင်းတိုက်လိုက်တော့ ဂျီမင်ပင်
နားမလည်ဖြစ်သွားသည်။" မင်းရဲ့ဆေးကျောင်းသားလေးကို အဝေးကို
ပို့လိုက်နိုင်တဲ့အတွက် ...... "" အခုအဲ့ဒါအတွက် အောင်ပွဲခံနေတာလားမင်းက.."
" ဒါပေါ့..အရှုပ်ထုတ်လေးကိုရှင်းလိုက်နိုင်လို့...."
အနည်းငယ်မူးနေပြီဖြစ်သည့် စကျိုငျးစကားတှကေို
နားထောင်ရင်းနှုတ်ခမ်းတစ်စကို တွန့်ရုံမျှပြုံးခဲ့သည်။" မဟုတ်မှလွဲရော အဲ့ဟာလေးကို မင်းmove on
မလုပ်နိုင်သေးတာလား...."" အဲ့လောက်ထိပတ်သတ်မှုတွေ
မဟုတ်ကြဘူး စကိုင်း .... "" ဒါဆိုမင်းက ဘာလို့မပျော်နေရတာလဲ..."
" အဲ့လိုမဟုတ်ပါဘူး...ဒီရက်ထဲအလုပ်တွေများနေလို့ "
" မင်းကွာ...မေ့လိုက်စမ်းပါ သူဘယ်လိုလူလဲ
သိနေရဲ့သားနဲ့...အခုဆိုလီဟယ်ဝန်းနဲ့
ပေါ်ပေါ်ထင်ထင်တွေတွဲသွားတွဲလာလုပ်နေပြီနော် .....
မင်းသူ့ကိုခေါင်းထဲကထုတ်ပစ်လိုက်တော့....."" ငါ့ခေါင်းထဲ သူမရှိတော့တာကြာပြီ..."
ခွက်ထဲကဝိုင်တွေအားကုန်စင်အောင်
တစ်ကျိုက်ထဲမော့ချလိုက်သည်။" တကယ်ဆိုရင်တော့ ကောင်းတာပေါ့..."
မနက်ဖြန်ဟာ ဆေးကျောင်းသားအမေရိကကို
ထွက်သွားတော့မည့်နေ့ပင်မို့၊ ဂျီမင်စိတ်တွေ
ရှုပ်နေသည်။
အနည်းဆုံးတော့လိုက်ပို့ပေးသင့်သည်မလား
ဆိုသည့် အတွေးတွေနဲ့တစ်ယောက်ထဲ
ရှုပ်ရှပ်ခတ်နေသည်။သွားတော့မည်ဆိုတော့လည်း တွေးပူစရာတွေက
များသည်။ စိတ်နဲ့လူနဲ့မကပ်စွာဖြင့် ဒီရက်တွေထဲ
ထိုင်းထိုင်းမှိုင်းမှိုင်းပါပဲ။မူးနေပြီဖြစ်သော စကိုင်းကိုလည်းစကားတွေ
အများကြီးပြန်လည်မတုံ့ပြန်နိုင်အတွေးတွေထဲ
ချာချာလည်နေသည်။
နီးကပ်နေပြီဖြစ်သည့် မနက်ဖြန်ကို သိပ်ကြောက်လာသည်။
သူရောအဆင်ပြေနေရဲ့လားဆိုသည့်မေးခွန်းတွေ
ထပ်နေသည်။