ညကဘယ်ချိန်ဘယ်လိုတွေအိပ်ပျော်သွားခဲ့လဲမသိ၊
မနက်နိုးလာတော့ ကွေးကွေးလေးအိပ်နေသူသည်မျက်နှာချင်းဆိုင်မှဆေးကျောင်းသားလေးအား
အခန်းထဲဝေ့ဝှိုက်ကြည့်မိသည်။တိတ်ဆိတ်ရင်းလှုပ်ရှားမှုတွေမရှိသော
အခန်းလေးထဲ ဂျီမင်တစ်ယောက်ထဲ
ရှိနေခြင်းသာဖြစ်ပါလိမ့်မည်။အိပ်ရာကနိုးသည်နဲ့အပျင်းကြောတွေဆန့်လိုက်ပြီး
နောက်တွင် ဂျွန့်အခန်းထဲမှထွက်လာခဲ့သည်။
ဒီနေ့ကရုံးပိတ်ရက်မို့ အေးအေးဆေးဆေးပါပဲ။
ညအိပ်ဝတ်စုံလေးနဲ့ ပေါ့ပေါ့ပါးပါးပင်
အောက်ထပ်ဆင်းလာခဲ့သည်။" ယန်း..."
" နိုးလာပြီလား ဂျီမင်..."
" အင်း..."
ဖြူဖြူဖွေးဖွေးပါးပါးလှပ်လှပ်လေးသည်
အိပ်ရာကနိုးခါစမို့မျက်လုံးလေးတွေက
မို့အစ်နေသည်။" သြော်...ဂျီမင်ကိုတွေ့မှသတိရတော့တယ်...
ပြောစရာရှိသေးတယ်...အဘွားအကြောင်းလေ
အဘွားနဲ့ဖုန်းပြောဖြစ်သေးလား...."" ပြောဖြစ်တယ်လေ...ဘာလို့လဲ..."
" ဟုတ်လား...ဘာတွေပြောသေးလဲ..."
" ထုံးစံအတိုင်းပဲပေါ့...လာလည်ပါဦးပဲပြောနေတယ်
အဲ့ဒါကြောင့်...ခရစ္စမတ် ကြရင်လာခဲ့မယ်
ပြောလိုက်တယ်.."." ဂျီမင်အဆင်ပြေလို့လား..."
" အင်း...ပြေပါတယ် အလုပ်ကအလုပ်ပေမယ့်
ခရစ္စမတ်လေးတော့ နားရက်ယူချင်သေးတယ် ...."ယန်းအမေးကို အပျင်းကြောတွေဆန့်ရင်းပင်
ဖြေလိုက်ရင်း ဂျီမင်မျက်လုံးတွေကလဲ
တစ်စုံတစ်ခုကိုရှာနေပြန်သလို။" ဂျွန်ရော.....အခန်းထဲမှာလဲမတွေ့လို့..."
" ခြံထဲဆင်းသွားတာတွေ့တယ်...
ဘာလို့လဲဂျီမင်...သွားခေါ်ပေးရမလား..."" ရတယ်..."
မိုးလင်းလို့မျက်လုံးတွေစပွင့်တာနဲ့
တစ်ယောက်သောသူကိုရှာရသည်မှာလဲအမောပေ။
ဒါကြောင့်ပဲ လှုပ်စိလှုပ်စိလေးဖြင့်ခြံဝန်းကျယ်ကြီးထဲ
ထွက်လာခဲ့သည်။" ဂျွန့်...! "
မနက်ခင်းရဲ့နေရောင်ခြည်နွေးနွေးတွေထဲ
ခြံဝန်းတွင်းရှိပန်းပင်တွေကြားထဲတွင်
ကတ်ကြေးလေးတစ်လက်ဖြင့် ဆေးကျောင်းသားက
ဘာတွေအလုပ်ရှုပ်နေလဲမသိ။