ဂျွန်ငယ် (၁၈)

2.3K 247 23
                                    

" ကိုကိုရေ...ကိုကို...!!! "

ဧည့်ခန်းထဲတွင် ကျော့ကျော့မော့မော့
ပြင်ဆင်ပြီးခြေထောက်တွေကိုချိတ်ထိုင်နေသော
ဂျီမင်သည် အိမ်ထဲသို့အော်ရင်းပြေးဝင်လာသူကြောင့်
ခေါင်းလေးထောင်ကြည့်မိသည်။

" ဟင်...ဘယ်ရီ...ဘယ်လိုလုပ်..."

" ကိုကို့ကို လာခေါ်တာ.."

ပွဲတတ် dressအရှည်ကြီးကို ပင့်မရင်း
အမောတကောနဲ့သူမသည်ပြုံးရယ်ရင်းပင်။

" ကိုယ်က အခုပဲလာတော့မလို့...ဂျွန်က
မပြီးသေးလို့စောင့်နေတာ..."

" သူ့ကိုယန်းနဲ့အတူ လာခိုင်းလိုက်ပါလား...
ကိုကိုက ခုဘယ်ရီနဲ့လိုက်ခဲ့လေ...."

" အဲ့ဒါက..."

" ကိုကိုကလဲ လာပါ...ပွဲမှာ ဘယ်ရီ့သူငယ်ချင်း
တွေလဲရောက်နေကြပြီ...."

" ဒါဆိုလဲ...ဂျွန်နဲ့ယန်းကို ပြောလိုက်ဦးမယ်..."

" ဟုတ်..."

night party အတွက်ပြင်ဆင်နေကြသည့်
ယန်းနဲ့ဂျွန်ဆီ ဘယ်ရီနဲ့အတူဂျီမင်က
ရောက်လာခဲ့သည်။
ဘယ်သူကဘယ်သူ့ကို ပြင်ဆင်ပေးနေလဲတော့မသိ၊
အခန်းထဲကို ဝင်သွားတာလဲအတော်လေးကြာနေပါပြီ။

"ယန်း..."

" ဝင်ခဲ့လေ..."

" ငါသွားနှင့်တော့မယ် ယန်းနဲ့ဂျွန်က နောက်ကပဲ
လိုက်ခဲ့ကြတော့..."

" အင်းပါ..."

" ဒါနဲ့...ဂျွန်ရော...မတွေ့ပါလား..."

" Toilet ထဲမှာ..."

" အင်း...သူ့ကိုလဲသေချာပြောလိုက်ပါဦး..."

ယန်းကခေါင်းလေးငြိမ့်ပြရင်းဘယ်ရီကိုလဲပြုံးပြခဲ့သည်။

" ကိုကိုသိလား...မမဟယ်ဝန်းကဒီနေ့အရမ်းလှတယ် "

" ငါတို့ ဘယ်ရီလေးလဲချစ်စရာလေးပါ..."

" ကိုကိုကလဲ... "

ဂျီမင်လက်မောင်းတွေကိုချိတ်ဆွဲရင်း
စကားတွေ တပြောပြောဖြင့်သာ ကားလေးထဲ
ဝင်ရောက်သွားခဲ့သည်။

" ယန်း...ခုနကအကိုလာသွားတာလား..."

" ဟုတ်တယ်...ဘယ်ရီလာခေါ်လို့သွားနှင့်မယ်တဲ့
ငါတို့ကို​ကိုနောက်က လိုက်ခဲ့ကြတဲ့...."

ဂျွန်ငယ် Where stories live. Discover now