ဆေးရုံကဂျုတီချိန်ပြီးသည်နဲ့ဆရာဝန်ကြီးသည်
အိမ်ကိုပဲတန်းတန်းမတ်မတ်ပြန်လာခဲ့သည်။
ဒီချိန်လောက်ဆိုအကိုအိမ်ပြန်ရောက်နေလောက်ပြီမို့
ဝင်မကြိုခဲ့တော့ပါပဲ၊အိမ်ကိုသာတန်းတန်းမတ်မတ်
ပြန်လာခြင်းဖြစ်သည်။" ယန်း ကျွန်တော်ပြန်ရောက်ပြီ..."
" အေးအေး...ဂျီမင်ရော...."
ယန်းအမေးကြောင့် ဂျွန့်မျက်လုံးလေးတွေ
ဝေ့ဝိုက်ပြီးအပေါ်ထပ်ဆီကိုတောင်
လှမ်းကြည့်လိုက်သည်။" ပြန်ရောက်နေပြီထင်လို့ဝင်မကြိုခဲ့တော့တာလေ
ပြန်မရောက်သေးဘူးလား ဒီအချိန်ဆို
ရုံးဆင်းနေပြီကို "" ဖုန်းဆက်ကြည့်လိုက်လေ...."
ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ပြီး
ဆက်လိုက်သည်နဲ့ စက်ပိတ်ထားသည်နဲ့
တိုးတော့သည်။" စက်ပိတ်ထားတယ် ယန်း..."
" စိတ်မပူပါနဲ့ အခုကအရမ်းကြီးလဲ
နောက်မကျသေးပါဘူး ပြန်လာမှာပေါ့...."" ကျွန်တော်လိုက်သွားဦးမယ် ယန်း...
တကယ်လို့ အကိုပြန်ရောက်လာရင်လည်း
ကျွန်တော့်ကို ဖုန်းဆက်နော် သိလား...."" အင်းပါ ဂရုစိုက်သွားဦး.."
ထပ်မံပြီးကားဖြင့်ထွက်လာခဲ့တာ အကို့ကုမ္မဏီကို၊
လက်ကနာရီကိုတကြည့်ကြည့်နဲ့ ဒီချိန်ဆို
ပြန်ရောက်သင့်ပြီလေ၊အကျိုးသင့်
အကြောင်းသင့်လည်းဖုန်းမဆက်ထားတော့
ဘာပဲပြောပြော ဂျွန်စိတ်ပူနေပါသည်။အကို့ကုမ္မဏီဆီရောက်သည်နဲ့ အကို့ရုံးခန်းဆီ
သွားဖို့ကအလျင်လိုနေသည်၊
ဒီအချိန်ရုံးဆင်းချိန်မို့ရုံးတွင်လူတောင်
မရှိသလောက်ပဲ။
ဓာတ်လှေကားမှတဆင့်အကို့ရုံးခန်းဆီရောက်သည်နဲ့
ဝန်ထမ်းတချို့ကိုသာ တွေ့လိုက်ရသည်၊
အချိန်ပိုဆင်းနေကြသည့်ဝန်ထမ်းအနည်းစုပဲ
ဖြစ်ပါလိမ့်မည်။" ဟိုမှာ...ဟို ဂျောင်ဂုရှီမလား..."
ချက်ချင်းပဲ ဂျွန့်အနားရောက်လာသူသည်
အကို့ရဲ့အတွင်းရေးမှူးအမျိုးသားပင်ဖြစ်သည်။