RVTIACF Chapter-(42)

1.4K 229 8
                                    

CHAPTER-(42)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ဝိုင်တွေတစ်ခွက်ပြီးတစ်ခွက် မျောချရင်း သူတို့ကိုအဝေးက ကြည့်နေရုံနဲ့တင် ယိချန်ရင်တွေ တင်းကျပ်လာသည်။ ထပ်ပေါင်းပြောရလျှင် ချူရှောင်းကအရှေ့ကော်ပိုရေးရှင်းရဲ့ ဆက်ခံသူဖြစ်ပြီး ရှောင်းဟန်က ရှောင်းမိသားစုတွင်း အာဏာရောလုပ်ပိုင်ခွင့်ပါ အမြောက်အမြားရှိသူမို့ လူအများကြီးက သူတို့နဲ့နှုတ်ဆက်စကားတွေ ဖလှယ်နေကြသည်။ တခြားတစ်ဖက်မှာတော့ ယိချန်ကယိမိသားစုရဲ့ အမွေခံဆိုတာ သိနေတာတောင် ဘယ်သူမှ သူ့ကိုစိတ်ဝင်တစား မရှိလှ။ တစ်ခါတစ်ရံ သူ့ကိုနှုတ်ဆက်ဖို့ ရပ်တန့်လာသူတွေကလည်း သူနဲ့ဆက်ဆံနေကြသည့် ချမ်းသာတဲ့လုပ်ငန်းရှင်တွေရဲ့ သားတွေသာဖြစ်၏။

ချူရှောင်းသန့်စင်ခန်းထဲ တစ်ယောက်တည်းဝင်သွားတာကို သတိပြုမိလိုက်ချိန်မှာတော့ သူဝိုင်တစ်ခွက်ကို ထပ်သောက်ပြီး သူမနောက်ကလိုက်သွားတော့သည်။ အရက်မူးနေလို့ ပိုင်ရွယ်ဝေ့နောက်က ခေါ်နေသည်ကိုပင် မကြားနိုင်တော့ပေ။ ယိချန် သန့်စင်ခန်းနံရံကိုမှီလျက် ချူရှောင်းထွက်လာချိန်မှာ လက်ကိုလှမ်းကာ သူမကိုတားတော့သည်။

"ချူရှောင်း, မင်းရှောင်းဟန်နဲ့ တွဲနေတာလား?"

ချူရှောင်း မျက်လုံးတွေမှေးကာ

"ဘာလို့ကျွန်မကို ထပ်ကာထပ်ကာ လိုက်ဒုက္ခပေးနေရတာလဲ?"

သူမအသံမှာ နှင်းခဲတွေဖုံးလွှမ်းနေသယောင် မေးလာသည်။

ယိချန်သူမလက်ကို ဆွဲဖို့လက်ဆန့်လာကာ:

"မင်းတိုနှစ်ယောက် တကယ် ရင်းနှီးနေတာ ငါသတိထားမိတယ်။ ပြီးတော့ သူနဲ့ခဏခဏ ညစာထွက်စားတာကိုလည်း တခြားသူတွေမြင်တယ်။ ငါတို့စေ့စပ်ပွဲကို ရုတ်တရက်ဖျက်တယ်ဆိုတာ သူ့ကိုကြိုက်နေလို့လား? မင်းကကျတခြားသူနဲ့ ချစ်နေတဲ့အချိန်မှာ ငါ့ကိုတော့မင်းအပေါ်ဖောက်ပြန်ပါတယ်ဆိုပြီး ဘယ်လိုများ ဆက်ဝေဖန်နိုင်ရတာလဲ? ဘယ်လိုများ ငါ့ကိုအမှိုက်လို့ ကျောင်းမှာခေါ်နိုင်ရတာလဲ?"

ချုရှောင်းက ယိချန်လက်မောင်းကို လိမ်ဆွဲလိုက်ပြီး သူကနာကျင်မှု၊ ထိတ်လန့်မှုတွေနဲ့ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားသည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now