RVTIACF Chapter-(44+45)

1.4K 228 29
                                    

CHAPTER-(44)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ပိတ်ရက်မတိုင်ခင် ယိချန်ချူရှောင်းကို လိုက်လိမ့်မည်ဟု ပိုင်ရွယ်ဝေ့မျှော်လင့်ထားတာကြောင့် ကျောင်းကားပါကင်နေရာကို အရင်သွားပြီး သူ့ကိုစောင့်နေလိုက်၏။

******

ချုရှောင်း ကျောင်းကိုကားမောင်းလာပြီး ကားထဲကထွက်ထွက်ချင်းပဲ ပိုင်ရွယ်ဝေ့တားတာ ခံလိုက်ရသည်။ သူမကိုမြင်တော့ မျက်ရည်တွေပြိုကျလာတော့မ​ယောင်ဟန်ဆောင်တဲ့ မိန်းကလေးအဖြစ်နဲ့ ချူရှောင်း အေးစက်စက်ကြည့်လိုက်သည်။

"ရှောင်းရှောင်း၊ အားချန် ငါနဲ့လမ်းခွဲသွားပြီ။"

ပိုင်ရွယ်ဝေ့ ရှိုက်လိုက်၏။

"လမ်းခွဲနစ်နာကြေးအနေနဲ့ တိုက်ခန်းကိုပေးသွားတယ်။ သူဘာလို့ ဒီလိုလုပ်လဲ သိလားဟင်? ရှောင်းရှောင်း ငါသူ့ကို ဆွဲမထားနိုင်တော့ဘူး။ သူဘာလို့လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့လဲ ငါနားမလည်တော့ဘူး။ အရင်သောကြာကတောင် သူအကောင်းကြီးရှိသေးတယ်။ မကြာတော့တဲ့ အနာဂတ်မှာ ငါတို့ခရီးထွက်ဖို့တောင် သဘောတူထားကြတာ။"

ချူရှောင်း သူမကိုဘေးကိုတွန်းကာ ထွက်လာလိုက်သည်။

"ဆန်ကုန်မြေလေးကောင်နဲ့ စျေးပေါပေါမိန်းမကြားက ရွံစရာကိစ္စတွေကို စိတ်မဝင်စားလို့ ငါ့မျက်စိရှေ့ကနေ ထွက်သွားပေးပါ။"

ပိုင်ရွယ်ဝေ့ အတွန်းခံရလို့ယိုင်သွားရင်းက ချူရှောင်းကိုဆွဲဖို့ ရုန်းကန်လိုက်သည်။

"အားချန် နင့်ကိုလာရှာသေးလား? သူကနင့်အကြောင်းပဲ အမြဲတွေးနေတာ။ အရာအားလုံးအတွက် တောင်းပန်ပါတယ်။ ကူညီပေးချင်ပေမယ့် ငါ—ငါ သူ့ကိုအရာအားလုံး ပေးပြီးသွားပြီ။ ငါအခု သူ့ကလေးတောင် ရှိနေလောက်တယ်။ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး သူနဲ့ပြန်မတွဲပါနဲ့နော်။ သူ့ကိုငါဆီကနေ မယူသွားပါနဲ့။ နော်?"

ချူရှောင်း ကြက်သေသေသွား၏။ သူမတစ်ဖန်ပြန်လှည့်လာကာ ပိုင်ရွယ်ဝေ့ကိုအကဲခတ်ဖို့ နေကာမျက်မှန်ကို ချွတ်လိုက်လေသည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now