RVTIACF Chapter-(55)

934 126 7
                                    

CHAPTER-(55)☕︎
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ရှောင်းဟန်ကားစက်နှိုးလိုက်ပေမယ့် မောင်းတော့မမောင်းထွက်သေးပေ။

ချူရှောင်း ယိချန်ကိုကြည့်ဖို့ရာ လှည့်လာသည်။

"ဘာတွေအဲ့လောက် စိတ်တိုနေတာလဲ?"

ယိချန်သူမကို မယုံသင်္ကါကြည့်လာကာ မေးလာသည်က

"ငါက ဘာကိုစိတ်တိုနေတာလဲ?! ချူရှောင်း အချိန်ခဏလေးပဲရှိသေးတာကို ရှောင်းဟန်နဲ့အတူရှိနေပြီပေါ့လေ။ ငါ့မိသားစုလေလံကို အရယူဖို့ ရှောင်းမိသားစုရုတ်တရက်ကြီး တုံ့ဖန်အုပ်စုနဲ့ပူးပေါင်းလာတာ အံ့သြစရာမရှိပါဘူး...။"

"တော်တော့!"

ချုရှောင်း လက်ဖဝါးဆန့်ကာတားလိုက်ပြီး သူ့ကိုခေါင်းစခြေဆုံး ကြည့်ပါတော့သည်။

"ရှင်ကမူကြိုကလေးလား? လူစကားနားမလည်တဲ့ မကောင်းဆိုးဝါးလား? ရှင်တို့မိသားစုလေလံကို ဘာလို့လုချင်နေရလဲ တကယ်ပဲနားမလည်တာလား? ဒီလိုလုတယ်ဆိုတာ ရှင်ကျွန်မကို ဆက်တိုက်နှောင့်ယှက်နေလို့လေ မျိုးမစစ်ရဲ့! ဒီလိုမျိုးဆက်လုပ်နေရင် ယိမိသားစုတစ်ခုလုံး ဖျက်ဆီးဖို့တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။ မယုံလည်း စိန်လိုက်လေ။ ပြီးတော့ ဘယ်သူနဲ့ပဲဇာတ်သိမ်းသိမ်း  ရှင့်အပူပါလို့လား? ကျွန်မနဲ့ ဝေးဝေးနေ။ ရှင်နဲ့စကားပြောဖို့ အချိန်ကုန်လူပင်ပန်းခံတာ ဒါနောက်ဆုံးအခေါက်ပဲ။"

ချူရှောင်း သူ့ကိုကျော်ပြီးဖြတ်သွားတော့မယ့် အချိန်မှာပဲ ယိချန်မသိစိတ်ကြောင့် သူမနောက်ကျောကို ဆွဲလာ၏။ ဒါပေမယ့် သူမကသူ့လက်ချောင်းတွေကိုဆွဲပြီး တုံ့ဆိုင်းခြင်းမရှိ လိမ်ချိုးလိုက်ခြင်းက သွေးပျက်ဖွယ်အသံဆိုးကြီးတစ်ခု ထွက်ပေါ်စေတော့သည်။

"ချူရှောင်း လက်ကိုလွှတ်!"

ယိချန် ထက်ရှလှတဲ့နာကျင်မှုကို သက်သာစေလိုငှား မြေကြီးပေါ်ဒူးထောက်ပြီး သူ့မျက်နှာမှာတော့ ဝေဒနါကြောင့်ရှုံ့တွနေ၏။

ချူရှောင်း သူ့ကိုအေးစက်စက် နှာမှုတ်၏။

"ကြည့်ရတာတော့ သေသေချာချာမခံစားရသေးသရွေ့ သင်ယူနိုင်မှာမဟုတ်ပုံပဲနော်။ ဒီလိုဆိုမှတော့ ကျွန်မကိုနှောင့်ယှက်တာ မရပ်သရွေ့ နာကျင်မှုရဲ့အဓိပ္ပါယ်အစစ်ကို နားလည်အောင်လုပ်ပေးရမှာပေါ့ရှင်။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now