Part 1

8.4K 601 1
                                    

Unicode
အခန်း ၁ 

“ကိုယ်ဝန်ကို ဖျက်ချ၊ ဒါမှမဟုတ် ကွာရှင်း..”

အန်းရှက သူမရှေ့မှ အေးစက်စက် အမျိုးသားကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ ထိုတစ်ခဏအတွင်း သူမစိတ်က ဗလာဖြစ်နေပြီး သူမ ဘာဖြစ်နေမှန်း မသိ ဖြစ်နေသည်။ 

သူမသည် ပထမစက္ကန့်အနည်းငယ်အတွင်း အရေးပေါ်အခန်းအတွင်း ရှိနေသည်မှာ သိသာထင်ရှားပြီး နောက်တစ်စက္ကန့်အတွင်း သူမ မျက်လုံးဖွင့်လိုက်သောအခါ သူမက စိမ်းသက်သော အခန်းနှင့် သူစိမ်းအမျိုးသားကို တွေ့လိုက်ရသည်။ 

တကယ်ပဲ ဘာတွေဖြစ်သွားတာလဲ..

သူမ အိပ်မက်မက်နေတာလား။ 

သူမက လက်ကို မြောက်ပြီး မျက်လုံးကို ပွတ်လိုက်သောအခါ သူမ၏လက်များ မဟုတ်ကြောင်းကို ရှာတွေ့သွား၏။ 

သည်နူးညံ့သော လက်များက ကြက်သွန်မြိတ်များကဲ့သို့ နူးညံ့သိမ်မွေ့ပြီး လက်ချောင်းထိပ်များတွင် သလဲသီးနီရောင် လက်သည်းနီ ဆိုးထားသည်။ အရေပြားက ထူနေလျှင်ပင် ပျော့ပျောင်းပြီး သိမ်မွေ့မှုက လူများ၏ မျက်ဝန်းကို မှေးမှိန်ဖျော့တော့သွားစေနိုင်သည်။ 

ယင်းက လုံးဝ အပြစ်အနာအဆာမရှိအောင် ထိန်းသိမ်းထားသော ကျောက်စိမ်းလက်တစ်စုံ ဖြစ်ကြောင်း သံသယဝင်ရန် မလိုချေ။ 

၎င်းက ကျန်းမာရေး ကောင်းမွန်လွန်းတဲ့ လက်တစ်စုံ ဖြစ်သည်။

သို့သော် သူမလက်များ မဟုတ်ချေ။ 

အကြောင်းမှာ မကြာမီက သူမ၏အခြေအနေက ပိုဆိုးဝါးလာပြီး သူမမိသားစုဝင်များက ဂရုစိုက်ဖို့ ကြိုးစားခဲ့သော်ငြား သူမ၏လက်ဖဝါးများက အားနည်းကာ ခြောက်သွေ့လာခဲ့သည်။ 

တကယ်တမ်းတွင် သူမ၏ကျန်းမာရေးက တကယ့်ကို ဆိုးဝါးလှသည်။ 

အန်းရှက ထိတ်လန့်သွား၏။ သူမရှေ့တွင် ရပ်နေသော လူစိမ်းအမျိုးသားကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်မိသည်။ 

ထိုလူက ကြည့်ကောင်းသော်လည်း သူ့ကိုယ်မှ ထွက်နေသော ခြားနားသည့်ရောင်ဝါက အန်းရှကို အတော်လေး စိုးရိမ်ကြောင့်ကြစေသည်။ 

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now