Part 42

3.4K 331 2
                                    

အပိုင်း (၄၂)

ဤနေ့တွင် နေရောင်ခြည်သည် တောက်ပနေလေသည်။ နွေဦးလေပြေလေးသည်လည်း နွေးထွေးနေ၍ ရာသီဥတုသည်လည်း ကောင်းမွန်လှလေသည်။

နွေးထွေးသော နေရောင်ခြည်လေးသည် လူများအပေါ်သို့ ဖြာကျနေသာအခါ သူတို့သည် မသိလိုက်ဘာသာဖြင့် ကောင်းမွန်သော ခံစားချက်များကို ရရှိလိုက်လေသည်။

ဒီနေ့သည် အမျိုးသမီးအန်း၏ အသက် ၅၀ ပြည့် မွေးနေ့ပင် ဖြစ်တော့သည်။

မနက်မိုးလင်းကတည်းက မိသားစုဝင်များသည် စတင်၍ အလုပ်ရှုပ်နေတော့သည်။

ဖိတ်ကြားခံရသော သူများသည်လည်း အနီးအနားမှ အိမ်နီးချင်းများနှင့် မိတ်ဆွေများ ဖြစ်ကြလေသည်။

ထို့ကြောင့် ပြင်ဆင်မှုများသည် အချိန်များစွာ ကြာမြင့်နေတော့သည်။

ကံကောင်းသည်က အန်းရှသည် မိသားစုကို ဤနေရာသို့ နေထိုင်ရန် ခေါ်လာချိန်တွင် သူမသည် ပိုင်ရှင်အနေဖြင့် အလုပ်သမားများနှင့် အချိန်ပိုင်းလုပ်သားများကိုပါ ဖိတ်ခေါ်ခဲ့လေသည်။

ထို့ကြောင့် သူတို့သည် အများကြီး မပင်ပန်းခဲ့ရချေ။

ပြင်ဆင်မှုများကို ပြုလုပ်ပြီးသောအခါ အန်းရှသည် အန်းမိသားစုကို လှလှပပပြင်ဆင် ​ခြယ်မှုန်းပေးတော့လေသည်။

အန်းရှသည် သူမ ယခင်နေထိုင်ခဲ့ရာဘဝတွင် မိတ်ကပ်ပညာကို သင်ယူခဲ့ခြင်း ဖြစ်လေသည်။ သူမ၏ ပြင်ဆင်​ခြယ်သမှုသည် မြင့်မြတ်ခြင်း၊ ကျော့ရှင်းခြင်းနှင့် သန့်ရှင်းမှုတို့ကို အလေးပေးထားခြင်း ဖြစ်လေသည်။

ထို့ကြောင့် အမျိုးသမီးအန်း၏ ပင်ကိုယ်ရုပ်ရည်သည် မိတ်ကပ်လိမ်းခြယ်ပြီးနောက် များစွာ ပြောင်းလဲသွားလေသည်။

အန်းရှဝယ်ပေးထားသော ဈေးနှုန်းမြင့်မားလှသည့် နာမည်ကြီးတံဆိပ်ဖြစ်သော ဝတ်စုံကို ဝတ်ဆင်လိုက်ချိန်တွင်တော့ သူမ၏ ရုပ်ဆင်းသွင်ပြင်သည် နူးညံ့သိမ်မွေ့၍ မြင့်မြတ်သော ဇနီးတစ်ယောက် အသွင် ပြောင်းလဲသွားတော့သည်။

ထိုကဲ့သို့သော အသွင်အပြင်ဖြင့်သာဆိုလျှင် အမျိုးသမီးအန်းကို လွန်ခဲ့သော လအနည်းငယ်ခန့်က ပိုက်ဆံရှာရန် နေ့စဉ် ကြိုးစားပမ်းစား အလုပ်လုပ်နေရသော သက်လတ်ပိုင်းအရွယ် မိန်းမတစ်ယောက်ဟု ဘယ်သူမျှ ယုံနိုင်မည် မဟုတ်တော့ချေ။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now