Part 72

2.6K 308 5
                                    

အပိုင်း (၇၂)

စွပ်စွာပြောဆိုချက်များကို ကြားလိုက်ရသောအခါ အန်းရှပင် ပြန်လည် မတုံ့ပြန်ရသေးခင် ချန်ရွှယ်မင်က ကြားဖြတ် ပြောဆိုလိုက်လေသည်။

ထိုအခါ အန်းရှသည် ထိုရင်းနှီးနေသော အသံ၏ပိုင်ရှင် အမျိုးသမီးကို မည်သူမှန်း ချက်ချင်းသိသွားလေတော့သည်။

"ဟယ်... ထောင်ကျစ်ရှင်း... နင်က ရှရှကို စွပ်စွဲပြောဆိုရဲသေးတယ်ပေါ့။ အခြားသူတွေက ရှရှကို အဲဒီလို ပြောလို့ရရင်တောင်မှ နင်နဲ့ မော့ယွီစန်းကတော့ အဲဒီလို ပြောပိုင်ခွင့် မရှိဘူးလေ။ ချန်ရွှယ်မင်သည် နှာမှုတ်လိုက်၍ ဆေးရုံဆောင်ပြင်ပမှ ဝင်ရောက်လာသော ထိုအမျိုးသမီးကို စူးရှသော အကြည့်များဖြင့် စိုက်ကြည့်နေတော့သည်။

အန်းရှ လာရောက်မည့်သတင်းကို ကြားသိထားသော ထောင်ကျစ်ရှင်းသည် ယခင်နေ့တုန်းကကဲ့သို့ မဟုတ်တော့ပေ။

သူမသည် အနည်းငယ် ပင်ပန်းနေပုံရသော်လည်း သူမ၏ မျက်နှာပေါ်တွင်တော့ မိတ်ကပ်များ လိမ်းခြယ်ထားလေသည်။

ထို့ကြောင့် ထောင်ကျစ်ရှင်းသည် ယနေ့တွင် ပင်ပန်းနေပုံရသော်လည်း လှပနေသေးသည်ဟုလည်း ခံစားနေရလေသည်။

သူမသည် မိတ်ကပ်ပါးပါးလေး လိမ်းထားကာ သူမ၏ နူးညံ့သော ရုပ်ဆင်းသွင်ပြင်တို့ကို ပေါင်းစပ်ထားလိုက်သောအခါ သူမသည် ရေထဲမှ ကြာပန်းကဲ့သို့ သန့်စင်၍ လှပနေတော့သည်။

သူမသည် ရိုးသားဖြူစင်သယောင် ဆောင်ထားသော ကြာပန်းမျိုးဖြစ်၍ အန်းရှ၏ စစ်မှန်သော မျက်နှာကိုတော့ ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။

အန်းရှ၏ ရုပ်ဆင်းသွင်ပြင်နှင့် နှိုင်းယှဉ်စရာပင် မလိုလောက်အောင် ထောင်ကျစ်ရှင်း၏ အလှပြင်ဆင်မှုများသည် မလွှမ်းမိုးနိုင်ပေ။

ကံမကောင်းစွာဖြင့် အန်းရှ၏ ဘာကိုမျှ မလိမ်းကြံထားဘဲ ရှင်းသန့်နေသော မျက်နှာနှင့် နှိုင်းယှဉ်ကြည့်လိုက်မည် ဆိုလျှင် ထောင်ကျစ်ရှင်း၏ မိတ်ကပ်ခြယ်သမှုများသည် ထင်ရှားနေလေသည်။

သူမသည် အကောင်းဆုံးသော အလှပြင်ပစ္စည်းများကို အသုံးပြုထားသော်လည်း မိတ်ကပ်သည် မိတ်ကပ်သာဖြစ်လေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now