Part 100

1.3K 110 2
                                    

အပိုင်း (၁၀၀)

ထို့ကြောင့် ပြိုင်ပွဲဝင်များ၏ ခေါင်းစဉ်များသည် တူညီနိုင်သော်လည်း တင်ဆက်မှုများမှာတော့ ကွဲပြားနေကြပြီ ဖြစ်လေသည်။

အန်းရှ၏ ထွက်ပေါ်လာမှုကို မြင်လိုက်ပြီးနောက်တွင် ဟော်စစ်၏အကြည့်များသည် အန်းရှထံတွင်သာ ရှိနေတော့သည်။

လူတိုင်းသည် ဥဒေါင်းမလေး၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရပြီး ထိုအချိန်တွင် ဟော်စစ်၏ မျက်ဝန်းများမှာ တောက်ပနေသည်ကိုတော့ မည်သူမျှ မသိချေ။

နောက်ခံဂီတသံကို ဖွင့်လိုက်သောအခါ အန်းရှသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ သူမ၏ မျက်ဝန်းများကို ပိတ်ထားရင်း သူမ၏ ဥယျာဉ်ထဲရှိ ဥဒေါင်းများအကြောင်းကို စဉ်းစားနေတော့သည်။

ဥဒေါင်းလေးများသည် မနက်တိုင်းတွင် သစ်ပင်ပေါ်မှ ပျံသန်းဆင်းသက်လာကြပြီး နောက်...

အန်းရှသည် ယခုမှ အိပ်ရာထလာသော ဥဒေါင်းလေးကဲ့သို့ ဖြစ်နေလေသည်။ သူမသည် မျက်ဝန်းများကို ဖွင့်လိုက်ကာ စတိတ်စင်၏ လှေကားထစ်ပေါ်မှ ပျံသန်းခုန်ဆင်းလိုက်လေသည်။

"အိုး..."

လူတိုင်းသည် အန်းရှ၏ အဖွင့်တင်ဆက်မှုကြောင့် အံ့သြသွားကြလေသည်။

အချို့လူများမှာ အန်းရှ၏ တင်ဆက်မှုကြောင့်ဖြစ်ပြီး အခြားသူများမှာတော့ အန်းရှ၏ လှပချောမောသော ရုပ်ဆင်းကြောင့် ဖြစ်လေသည်။

အထူးသဖြင့် သူမသည် မြေပြင်သို့ ဆင်းသက်လိုက်သောအခါ ဥဒေါင်းမလေးကဲ့သို့ အသွင်ဆောင်နေသောကြောင့် ဖြစ်လေသည်။

သို့သော် နှမျောစရာကောင်းသည်က ထိုကဲ့သို့သော အသွင်အပြင်သည် ကြာရှည်မခံတော့ခြင်းပင်။

မကြာခင်တွင် အန်းရှ၏ သရုပ်ဆောင်မှုစွမ်းရည်များတွင် ချို့ယွင်းချက်မှာ ပေါ်ပေါက်လာတော့လေသည်။

သူမ၏ သရုပ်ဆောင်မှုများသည် နောက်ပိုင်းတွင် ကောင်းလာသောလည်း သူမအနေဖြင့် အမှတ်ကောင်းများတော့ မရရှိနိုင်ချေ။

"ပြိုင်ပွဲဝင် နံပါတ် ၆၆... မင်းရဲ့ အမူအယာက သိပ်ပြီးတော့ မကောင်းသေးဘူး။ မင်းရဲ့ သရုပ်ဆောင်မှုမှာ ဗီဒီယိုထဲက အသေးစိတ် အချက်လေးတွေ မပါသေးဘူး။ မင်းရဲ့ အမူအယာက နည်းနည်း ခြောင်ကပ်ကပ် ဖြစ်နေတယ်လို့တောင် ခံစားရတယ်..."

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Onde histórias criam vida. Descubra agora