Part 77

2.9K 344 4
                                    

အပိုင်း (၇၇)

ဟော်စစ်သည် မိမိကိုယ် မိမိ ဖျားနာနေပြီဟု ခံစားလိုက်ရလေသည်။

သူ့အနေဖြင့် ဘယ်တုန်းကမျှ မခံစားခဲ့ရဖူးသော ဖျားနာမှုမျိုး ဖြစ်လေသည်။

ထိုရောဂါ၏ အမည်မှာ အချစ်နာကျခြင်းပင် ဖြစ်လေသည်။

ဒီနေ့သည် သူ၏ အထူးစားဖိုမှူး အိမ်မှထွက်ခွာသွားသော သုံးရက်မြောက်နေ့ဖြစ်ပြီး သူမကို သတိရနေလေသည်။

ပထမကတော့ သူသည် သူမ ချက်ပြုတ်ပေးသော အစားအသောက်များကို သတိရနေသည်ဟု ထင်ခဲ့သော်လည်း လေးလေးနက်နက် တွေးတောလိုက်မိသောအခါ သူသည် ဟင်းလျာများကိုသာမက စားဖိုမှူးကိုလည်း လွမ်းနေခြင်း ဖြစ်လေသည်။

သူသည် အန်းရှနှင့် အချိန်များစွာကို အတူ မကုန်ဆုံးခဲ့ရသောလည်း သူမအကြောင်းကို ကောင်းစွာသိရှိလေသည်။

သူသည် အန်းရှ၏ အစားအသောက်ဗီဒီယိုများကို အင်တာနက်ပေါ်တွင် မတော်တဆ စတင်ကြည့်ရှုမိစဉ်ကတည်းက သူမအပေါ်တွင် စွဲလမ်းမိသွားခြင်း ဖြစ်လေသည်။

သူ့အနေဖြင့် နေ့တိုင်းလိုလို အားနေသည့်အလျောက် သူမ၏ ဗီဒီယိုများကို ကြည့်ရှုနေခဲ့လေသည်။

သူသည် သူမ၏ ဟင်းလျာများ ပြင်ဆင်ချက်ပြုတ်ရာတွင် ပါဝင်သော ဟင်းအမယ်များနှင့် မည်သည့်ဟင်းလျာများကို ချက်ပြုတ်နေခြင်းဖြစ်ကြောင်း ရှင်းပြနေသော သူမ၏ နူးညံ့ချိုသာလှသော အသံလေးကို နားထောင်ရခြင်းကို နှစ်သက်လေသည်။

သူသည် သူ၏ ထိုအထူး စားဖိုမှူးအကြောင်းကို အနည်းငယ် စဉ်းစားမိသောအခါ သူသည် သူမနှင့်အတူ နွေးထွေးသော နေရောင်ခြည်အောင်တွင် ငါးမြှားနေစဉ်အခါက သူ့အနေဖြင့် ပထမဦးဆုံးအနေဖြင့် စိတ်ကျေနပ်မှုကို ခံစားလိုက်ရခြင်း ဖြစ်လေသည်။

သူသည် အခြားသူတစ်ဦးအပေါ်တွင် မချစ်ခင် မနှစ်သက်ခဲ့ဖူးပေ။ ချစ်ခင်နှစ်သက်ခြင်းနှင့် ပတ်သက်၍လည်း နာမလည်နိုင်ပေ။

သို့သော် သူသည် အန်းရှနှင့် အတူရှိနေလျှင် သက်တောင့်သက်သာဖြစ်သည်ဟု ခံစားရလေသည်။ အန်းရှနှင့် အတူရှိနေရသည့် ခံစားချက်များကိုလည်း နှစ်သက်လေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now