Part 65

2.8K 307 3
                                    

အပိုင်း (၆၅)

ဟော်စစ်၏ မျက်လုံးများသည် ပန်းကန်ပြားပေါ်တွင် တင်ထားသော အရသာရှိလှသည့် ဟင်းလျာများပေါ်တွင်သာ ရောက်ရှိနေပြီး တံတွေးများကိုလည်း လူမသိအောင် မျိုချနေရလေသည်။

ထိုဟင်းလျာများသည် ကျိန်းသေပေါက် အရသာရှိလှမည် ဖြစ်သည်။

ဟင်းလျာများကို အနီးကပ် ရိုက်ကူးနေကြသော ကင်မရာများကြောင့်သာ မဟုတ်လျှင် ဟော်စစ်သည် အစားအသောက်များကို အရသာ မြည်းစမ်းပြီး ဖြစ်လောက်မည်။

"တရားလွန်လိုက်တာ..."။ လူတိုင်းသည် ချိုမြိန်လှသော ရနံ့အပေါ်တွင်သာ စိတ်ဝင်စားနေကြချိန်တွင် ထိုကဲ့သို့ နားဝင်မချိုလှသော အသံကို ကြားလိုက်ရလေသည်။

လူတိုင်းသည် ထိုအသံလာရာဖြစ်သည့် ကျောင်းမီနီထံသို့ အကြည့်များ လွှဲလိုက်ကြလေသည်။

ကျောင်းမီနီသည် အမှန်တကယ်ကို ဒေါသထွက်နေပြီ ဖြစ်သည်။

သူမသည် စကားတစ်ခွန်းကို ပြောလိုက်ခြင်း ဖြစ်၍ ထိုစကားလုံးမှာလည်း တရားလွန်လှသည် ဟူ၍။

ထို့နောက် သူမသည် ဆက်၍ပြောလေသည်။ "ကျွန်မတို့ အားလုံးက ဧည့်သည်တွေပဲကို။ ပိုက်ဆံအတွက် အသီးအရွက်တွေ ရောင်းနေစရာမှမလိုတာ။ ပြီးတော့ ချက်ပြုတ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို အသုံးပြုနိုင်ရမှာပေါ့။ အခုတော့ ကျွန်မတို့မှာ ဘာမှမရှိဘူး..."

ကျောင်းမီနီ၏စကားများကို ကျန်သောဧည့်သည်သုံးဦးမှာလည်း ချက်ချင်းဆိုသလို ထောက်ခံလိုက်ကြလေသည်။

"ဟုတ်တယ်... ငါတို့က ဘာဖြစ်လို့ ခက်ခက်ခဲခဲ ကြိုးစားနေရမှာလဲ..."

"မဟုတ်သေးဘူးနော်... ငါတို့လည်း စားသောက်ဖို့လိုတယ်လေ...."

အနုပညာရှင်များသည် ဆာလောင်နေကြ၍ သူတို့၏ ကျောနှင့် ရင်ဘတ်နှင့်တောင် ကပ်နေပြီဟု ထင်ရလေသည်။ ထို့ကြောင့် အစားအစာများရှေ့မှောက်တွင် သူတို့၏ ပုံရိပ်ကိုတောင် မထိန်းသိမ်းနိုင်ကြတော့ပေ။

တစ်ယောက်စ နှစ်ယောက်စသည် ဒါရိုက်တာနှင့် ဇာတ်ညွှန်းဆရာကို ကြည့်လိုက်ခြင်းဖြင့် သူတို့သာ သဘောမတူဘူးဆိုလျှင် ဆက်လက်၍ သရုပ်မဆောင်နိုင်တော့ကြောင်းကို သွယ်ဝိုက်၍ ပြောနေသကဲ့သို့ပင်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now