Part 22

4.4K 455 1
                                    

22 01

အခန်း ၂၂

သူမလှည့်ကြည့်လိုက်သောအခါ ခပ်ဝဝ အမျိုးသမီးတစ်ဦးသည် သူမကို ထိတ်လန့်စွာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူမသည် ထိုသူကို မူလပိုင်ရှင်၏ မှတ်ဉာဏ်မှတဆင့် ဝိုးတဝါးသိလိုက်ရသည်။

ထိုသူသည် မူလပိုင်ရှင်၏ အပေါ်ထပ်အိမ်တွင် နေသော အန်တီဝမ်ပင်ဖြစ်သည်။ သူမ၏ အမည်ပြောင်မှာ ဝမ်သာ့ကျွေး ဖြစ်လေသည်။

"အန်တီက... အန်တီဝမ်လား" သူမသည် မဝံ့မရဲဖြင့် မေးလိုက်လေသည်။

မမျှော်လင့်ထားဘဲ သူမခန့်မှန်းချက်သည် မှန်ကန်သွားသည်။

"ဟားဟား...ဟုတ်တယ် အန်းရှ၊ မင်း ငါ့ကို မှတ်မိသေးတာပဲ"။

အန်တီဝမ်၏ တတ်ကြွလျက်ရှိသည့် အမူအရာကို မြင်လိုက်ရပြီးနောက် အန်းရှသည် အနည်းငယ် စိတ်သက်သာရာ ရသွားပြီး ရှက်ပြုံးလေး ပြုံးလိုက်မိသည်။

"ရှရှ...ငါ မင်းကိုမတွေ့ရတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ မင်းက တကယ်ကို ပိုလှလာတာပဲ။ မင်းက လက်ထပ်ပြီးပြီနော်။ မင်းရဲ့ ပင်ကိုယ်စရိုက်က ငါတို့နဲ့ လုံးဝကိုကွဲပြားခြားနားပါတယ်ဟယ်"။

အန်တီဝမ်သည် စကားပြောနေရင်းဖြင့် ပိုမိုစိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသောအခါ အန်းရှသည် အသံခပ်နိမ့်နိမ့်လေးဖြင့် ပြောလိုက်လေသည်။ "အန်တီဝမ် ကျွန်မ...ကျွန်မ အိမ်ပြန်လိုက်ဦးမယ်နော်"။

"သြော် ဟုတ်သားပဲ။ မင်း အိမ်ပြန်မလာတာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုတော့ မင်းမိဘတွေကို အရမ်းသတိရနေမှာပဲ။ ငါက မင်းကို အချိန်တွေကြာအောင် လုပ်နေမိတယ်"။

အတင်းအဖျင်းများကို ပြောဆိုရခြင်းကိုနှစ်သက်သော အန်တီဝမ်သည် များပြားပြီး မြင့်မားလှသော လှေကားထစ်များကို သတိပြုမိလိုက်လေတော့သည်။

"အိုး...မင်းဘာဖြစ်လို့ ဒီလောက် အထုတ်အပိုးတွေအများကြီးကို သယ်လာရတာလဲ အိမ်ပြောင်းလာတာလား"။

သံသယဝင်နေသော မျက်နှာပေးရှိနေသော အန်တီဝမ်ကိုကြည့်ရင်း အန်းရှသည် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြလိုက်ပြီး ပြောလိုက်လေသည်။ "ကျွန်မရဲ့ အဖေ အမေတွေနဲ့ ဆွေမျိုးတွေအတွက် လက်ဆောင်တွေ ဝယ်လာတာပါ"။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။On viuen les histories. Descobreix ara