Part 89

1.8K 229 0
                                    

အပိုင်း (၈၉)

ဟော်စစ်သည် ညစာစားပွဲခန်းမမှ ထွက်ခွာသွားသောအခါ အန်းရှသည် အံ့သြစွာဖြင့် မေးလိုက်လေသည်။ "ရှင် ဘာဖြစ်လို့ ဒီကိုရောက်နေရတာလဲ။ ပြီးတော့..."

အန်းရှသည် စကားကိုပင် ပြီးအောင်မပြောရသေးခင်တွင် ဟော်စစ်သည် ရယ်လိုက်၍ ပြောလာလေသည်။ "မင်းအစ်ကိုက ငါ့ဆီကို ဖုန်းခေါ်လာခဲ့လို့ပါ..."

သူမ၏အစ်ကိုသည် သူ့အား သူမ၏ ကားဆရာပြုလုပ်ပေးရန် ခြိမ်းခြောက်ထားသကဲ့သို့ပင် ဖြစ်နေလေသည်။

"မင်းကရော ဘယ်လိုဖြစ်တာလဲ။ မင်းက ကျောင်းသားဟောင်း တွေ့ဆုံပွဲကို အရမ်းကို မျှော်လင့်ထားတာမလား။ ဘာဖြစ်လို့ စောစော ပြန်ချင်နေရတာလဲ..."

အန်းရှသည် သက်ပြင်းချလိုက်ကာ ဟော်စစ်အား ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်တော့သည်။

"သူတို့က ဘယ်လိုတောင် ကျွန်မရဲ့ ပရိသတ်တွေကို တံဆိပ်အတုနဲ့လက်ဆောင်ကို ပေးတယ်လို့ သတ်မှတ်နိုင်ရတာလဲ။ အဲဒါက အတုတွေ မဟုတ်ပါဘူး..." အန်းရှသည် စိတ်ပျက်စွာ ပြောနေလေသည်။

သူမ၏ ပရိသတ်များသည် လွန်စွာ သဘောကောင်းကြပြီး သူမအား သူတို့၏လက်ဆောင်ကို လက်ခံလိုက်ရသည့်အတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေလိုသောကြောင့် ဝတ်စုံပေါ်မှ တံဆိပ်အား ဖျက်ထားခြင်း ဖြစ်လေသည်။

သို့သော် တစ်ချိန်ထဲမှာပင် သူမသည် ထိုပရိသတ်များအား လက်ဆောင်အတွက် ပိုက်ဆံပြန်ပေးနိုင်ရန်နည်းလမ်းကို စဉ်းစားနေခဲ့လေသည်။

ဝတ်စုံမှာ တန်ဖိုးကြီးလှသောကြောင့် ဖြစ်လေသည်။

အန်းရှသည် သူမ၏ပရိသတ်များအား စွပ်စွဲခြင်းကို ခံလိုက်ရသောကြောင့် ဒေါသထွက်နေချိန်တွင် နာမည်ကြီးမင်းသားဖြစ်သူ၏ နှုတ်ခမ်းထောင့်စွန်းများမှာ မြင့်တက်သွားလေသည်။

"ဘာပဲဖြစ်ဖြစ်ပါ လာပေးလို့ ကျေးဇူးတင်ပါတယ်..."

နာမည်ကြီးမင်းသားသည် သူမအား အမှန်တကယ်ပင် လာကြိုခဲ့လေသည်။ ထိုသူသည် အလွန်ပင် အံ့သြဖွယ်ကောင်းသော သူတစ်ယောက်ဖြစ်လေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now