Part 50

3.2K 300 1
                                    

အပိုင်း (၅၀)

အန်းသုန်သည် စိုးရိမ်စွာဖြင့်ပင် ထိုအဆင့်အတန်းမြင့်လှသော ကားလေးကို မောင်းလာလေသည်။ မနက်ခင်း အစောပိုင်းပင် ဖြစ်လင့်ကစား လမ်းတစ်လျှောက်တွင် သူသည် အများ၏ အာရုံဖမ်းစားခြင်းကို ရရှိနေလျက် ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီသို့ ရောက်ရှိလာခဲ့တော့သည်။

ထိုအချိန်တွင် သူ့အနေဖြင့် အလွန်ကံကောင်းသော အချက်မှာ သူသည် အလုပ်သို့ အနည်းငယ် နောက်ကျ၍ ထွက်လာခဲ့သောကြောင့် ဖြစ်လေသည်။

ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီတွင် အစစ်အဆေးခံယူရန် အချိန်ပင် ကျော်လွန်သွားပြီ ဖြစ်လေသည်။

ထို့ကြောင့် အန်းသုန်သည် ကုမ္ပဏီ၏ နံဘေးတွင်ရှိသော ကားပါကင်သို့ ဝင်ရောက်လိုက်သောအခါ ယခင် လုပ်ဖော်ကိုင်ဖက်ဟောင်းများနှင့် ပက်ပင်းတိုးမိခြင်း မရှိတော့ပေ။

ကားပါကင် ထိုးပြီးချိန်တွင်တော့ သူ့ညီမက ရွေးချယ်ပေးထားသော နက်ကတိုင်ကို စိတ်မသက်စွာဖြင့် စည်းလိုက်ရင်း ကုမ္ပဏီသို့ လျှောက်သွားလိုက်တော့သည်။

ရှုန်းထျန်းသည် ကြီးမားလှသော ကုမ္ပဏီတစ်ခုတော့ မဟုတ်ပေ။ သို့သော် မြေဧရိယာမှာတော့ မကျဉ်းလှပေ။

မြို့ထဲတွင်တော့ အဆင့်အတန်း မြင့်မားနေသေးသည်။

ရှုန်းထျန်း၏ မြေပိုင်ရှင်သည် ဟိတ်ဟန်များလှသူတစ်ဦး ဖြစ်လေသည်။ ရှုန်းထျန်းသည် လုပ်ငန်းအဆင်မပြေ ဖြစ်ခဲ့လျှင်တောင် ကုန်သွယ်ရေး အဆောက်အအုံထဲရှိ ထိုကုမ္ပဏီကို ဆက်လက် ငှားရမ်း ဖွင့်လှစ်ထားမည် ဖြစ်သည်။ ထိုအခါ နှစ်စဉ်ငှားရမ်းကြေးသည်ပင် များစွာ ရရှိလိမ့်မည် ဖြစ်သည်။

ဓာတ်လှေကားစီးလာ၍ ကုမ္ပဏီထဲသို့ ဝင်လိုက်သောအခါ အရှေ့ဘက် စားပွဲတွင် ရှိနေကာ သူနှင့်ရင်းနီးနေပုံရသော မိန်းမငယ်တစ်ဦးကို တွေ့လိုက်ရလေသည်။

"ဟင်.. အစ်ကိုသုန်... ရှင် ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ..."

သူမသည် အံ့သြသွားလျက် စိတ်ထဲတွင် ရေရွတ်နေမိလေသည်။ 'အန်းသုန်က ထွက်စာတင်လိုက်ပြီ မဟုတ်ဘူးလား။ ဒါဆိုရင် သူဘာဖြစ်လို့ ကုမ္ပဏီကို ရုတ်တရက် ရောက်လာရတာလဲ...'

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Dove le storie prendono vita. Scoprilo ora