Part 79

2.7K 323 3
                                    

အပိုင်း (၇၉)

အန်းရှသည် ထိုစကားလုံးများကို ထုတ်ပြောလိုက်သောအခါ များစွာ စိတ်သက်သာရာ ရသွားသည်ဟု ခံစားလိုက်ရတော့သည်။

ဤသုံးရက်တာကာလ အတောအတွင်းတွင် သူမသည် မော့ကျားရှု၏ ကြင်နာမှုများကြောင့် စိတ်မသက်မသာ ဖြစ်နေခဲ့ရလေသည်။

သူမသည် အန်းမိသားစုနှင့် ချန်ရွှယ်မင်ကို တည်​ငြိမ်စွာ ဆက်ဆံနိုင်သော်လည်း မော့ကျားရှုနှင့် ဆက်ဆံရန်ကိုမူ ခက်ခဲနေခဲ့လေသည်။

ထိုအရာက မော့ကျားရှုသည် မူလပိုင်ရှင်အပေါ်တွင် ဒေါသတရားများ ထားရှိနေခြင်းကြောင့် ဖြစ်နိုင်သလို သူသည် ပြန်လည် မွေးဖွားလာသူ ဖြစ်သည့်အလျောက် သူမအနေဖြင့် ရင်မဆိုင်ရဲသောကြောင့်လည်း ဖြစ်နိုင်လေသည်။

အန်းရှသည် ထိုကဲ့သို့ ပြောလိုက်ပြီးသောအခါ မူလပိုင်ရှင်၏ သားဖြစ်သူမှ ပြန်လည်တုံ့ပြန်လာမည့် ဖြစ်နိုင်ချေများအားလုံးကို တွေးတော မျှော်လင့်နေမိတော့သည်။

သို့သော် သူမ မမျှော်လင့်ထားခဲ့သည်က ထိုကလေးသည် ၁၀၀ ရာခိုင်နှုန်းတွင် ၉၉ ပုံကိုပယ်၍ ကျန် ၁ ရာခိုင်နှုန်းသော တုံ့ပြန်မှုကို ပေးခဲ့ခြင်းကိုပင်။

"အမေ... အမေလည်း ပြန်လည် မွေးဖွားလာခဲ့တာပဲ မဟုတ်လား..." မော့ကျားရှုသည် သူ၏မျက်ဝန်းများထဲတွင် အပြစ်ခံစားနေရမှုများနှင့် ပြည့်နှက်နေကာ သူ၏ နှုတ်ခမ်းလေးကိုသာ ကိုက်ထားလေသည်။

မော့ကျားရှု၏ စကားလုံးများကို ကြားလိုက်ရသောအခါ အန်းရှ၏ မျက်ဝန်းများသည် ပြူးကျယ် ဝိုင်းစက်သွားတော့သည်။

သူသည်လည်း သူမအား ပြန်လည် မွေးဖွားလာခြင်းဖြစ်သည်ဟု တွေးမိသည်တဲ့လား။

"အမေ... တကယ်တော့ သားက အရင်ကတည်းက ခန့်မှန်းခဲ့ပြီးသားပါ။ အမေက သူ့ကို အရမ်းချစ်တာလေ။ တကယ်လို့ အဲဒီလိုသာ မဟုတ်ခဲ့ဘူးဆိုရင် အမေသူ့ကို ဒီလိုမျိုး အလွယ်တကူနဲ့ ဘယ်လိုလုပ် ကွာရှင်းနိုင်မှာတဲ့လဲ..."

မော့ကျားရှုသည် အန်းရှအား ဝမ်းနည်း စိတ်မကောင်းဖြစ်နေသော အမူအယာမျိုးဖြင့် ကြည့်လိုက်လေသည်။ သူ့အနေဖြင့် ပြန်လာပြီးနောက်တွင် သိလိုက်ရသည်က သူ၏အမေသည် ကိုယ်ဝန်ပျက်ကျသွား၍ မိဘနှစ်ဦးသည်လည်း အေးချမ်းစွာ ကွာရှင်းလိုက်ကြသည်ကိုပင်။ ထို့ကြောင့် သူသည် တွေဝေစွာဖြင့် ခန့်မှန်းခဲ့ခြင်း ဖြစ်လေသည်။ ထိုအရာသည် အပြိုင်ဖြစ်နေသော အချိန်ကာလတစ်ခုဖြစ်နိုင်သလို နောက်တစ်မျိုး​မှာ သူ၏အမေသည် သူကဲ့သို့ပင် ပြန်လည် မွေးဖွားလာသည်လည်း ဖြစ်နိုင်သည်ပင်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Onde histórias criam vida. Descubra agora