Part 90

2K 239 1
                                    

အပိုင်း (၉၀)

ပိတ်ရက်များသည် အင်တာနက်အသုံးပြုသူ အများဆုံးအချိန်များ ဖြစ်လေသည်။

နောက်တစ်ချက်မှာ ထိုပို့စ်အား တရုတ်ပြည်၏ အကြီးမား အကျယ်ပြန့်ဆုံးသော အတင်းအဖျင်းများ ပြောကြလေ့ရှိသော ဝဘ်ဆိုက်တွင် တင်လိုက်ခြင်း ဖြစ်လေသည်။ ထိုပို့စ်တွင် 'ကျောင်းသားဟောင်း တွေ့ဆုံပွဲ' 'မျက်နှာပျက်သွားအောင် အစော်ကား ခံလိုက်ရခြင်း' 'ကျောင်းရဲ့ အလှလေး' စသည်ဖြင့် စကားစုလေးများ ပါဝင်နေသောကြောင့် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ ထို့ကြောင့် ထိုပိုစ့်ကို တင်လျင်တင်ခြင်းတွင် များစွာသော အင်တာနက် အသုံးပြုသူများ၏ အာရုံစိုက်မှုကို ရရှိလိုက်လေသည်။

အင်တာနက် အသုံးပြုသူများကြောင့်ပင် ထိုပို့စ်သည် ထိပ်ဆုံးနေရာသို့ပင် ရောက်ရှိနေလေသည်။ ထိုပို့စ်သည် ဝဘ်ဆိုက်၏ ပင်မစာမျက်နှာပေါ်တွင် နေရာယူထားသောကြောင့် များစွာသော အင်တာနက် အသုံးပြုသူများက မြင်နိုင်လေသည်။

ပို့စ်၌ ပါဝင်သော အကြောင်းအရာများသည် ရယ်စရာကောင်းပြီး လက်တွေ့ထက် ချဲ့ကား၍ ရေးသားထားခြင်းဖြစ်လေသည်။ ပို့စ်တင်သူသည် အရေးအသားမကောင်းလှသော်လည်း ဇာတ်အိမ်မှာတော့ ဆွဲဆောင်မှုရှိလှလေသည်။

ပို့စ်ထဲမှ ကျောင်းအလှလေးဖြစ်သည့် အမျိုးသမီးဇာတ်ကောင်သည် ချေမိုးနေ၍ သူမ၏ ကြွယ်ဝချမ်းသာမှုများကို ဘက်ပေါင်းစုံမှ ဖော်ထုတ်ပြသခဲ့လေသည်။ ထို့ကြောင့် ထိုပို့စ်ကို ဖတ်ပြီးသော သူများအားလုံးသည် လန်းတန်းတက်ကြွ၍ သက်တောင့်သက်သာဖြစ်မှုကို ခံစားခဲ့ရလေသည်။

[ကျောင်းအလှလေးက မိုက်လိုက်တာနော်... အထက်စီးကနေ အနိုင်ယူလိုက်တာကတော့ ရယ်စရာပဲ။ ငါကတော့ ဒီကြားနေကြဖြစ်တဲ့ စော်ကား အနိုင်ယူလိုက်တဲ့ ဇာတ်အိမ်မျိုးကို သဘောကျတယ်...]

[Dior တံဆိပ်နဲ့ ဝတ်စုံက ယွမ် ၁၂၀၀၀၀ ရှိတယ်။ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ EL ပုလဲအိတ်က ဝယ်ဖို့မလွယ်လှဘူး။ ဒေါက်ဖိနပ်က ယွမ် ၁၀၀၀၀ တန်ကြေးရှိတယ်။ သူတို့တွေအားလုံးက နောက်ဆုံးပေါ်တွေပဲ။ ငါသိချင်တာကလေ ကျောင်းအလှလေးက အိမ်မှာ ​ရွှေတွင်းတွေများ ပိုင်နေသလားပဲနော်...]

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now