Part 63

2.7K 292 3
                                    

အပိုင်း (၆၃)

သူမ ထင်ထားသည်မှာ ကျောင်းမီနီ၏ မန်နေဂျာအဖွဲ့သည် ကျောင်းမီနီနှင့် ဟော်စစ်ကို အတွဲများအဖြစ် အများက ထင်မြင်ကြစေရန် တမင်သက်သက် စီစဉ်ပြုလုပ်ပေးနေကြသည် ဟူ၍။ ဟော်စစ်သည်လည်း လက်ရှိတွင် အလွန် ရေပန်းစား နာမည်ကြီးနေသူဖြစ်သည်။

သို့သော် ယခုအချိန်တွင် အလွန်ချောမောလှပသော လူသစ် မိန်းမငယ်လေးကို တွေ့မြင်လိုက်ရသောအခါ ကျောင်းမီနီသည် မူမမှန်သကဲ့သို့ ပြုမူနေသောကြောင့် ထိုအရာမှာ သူမအနေဖြင့် ဟော်စစ်ကို သဘောကျနေကြောင်း သက်သေပြနေသကဲ့သို့ပင်။

"အိုး... အစ်မ ဝိန်ချောင်... ကျွန်မရဲ့ခြေထောက်ကို မဆွဲပါနဲ့..."။ သူမသည် ရုတ်တရက် မျက်နှာများ နီမြန်းသွား၍ ရှက်ရွံ့စွာဖြင့် ယောင်ဝိန်ချောင်ကို တွန်းထုတ်လိုက်သည်။

အစ်ကိုကြီးဟန်... အစ်ကို ကျစ်ရီ... ဟင်းသီးဟင်းရွက်တွေကို များများခူးကြရအောင်။ အဲဒီကောင်မလေးက လုံးဝကို ချက်ပြုတ်တတ်မှာ မဟုတ်ဘူး။ ကျွန်မတို့ သူမနဲ့ အစ်ကိုဟော်စစ်အတွက် ပိုချက်ပြုတ်ပြီး သူတို့ကို ပို့ပေးကြရအောင်..."

ကျောင်းမီနီသည် နောက်ဆုံးတွင်တော့ ယောင်ဝိန်ချောင်၏ ဟာသကို ချီးမွန်းလိုက်တော့သည်။

မည်သို့ပင်ဆိုဆို သူမသည် အရာသာရှိလှသော အစားအသောက်များကို ချက်ပြုတ်ပေးနေသရွေ့ ဟော်စစ်သည်လည်း သူမကို နှစ်သက်ကြင်နာစွာဖြင့် ပြန်ကြည့်မည် ဖြစ်သည်။

ဟော်စစ်သည် အခြားသူများ၏ မျက်နှာကိုကြည့်၍ ချီမွန်းတတ်သော ပေါ့ပျက်ပျက်လူစားမျိုး မဟုတ်ပေ။ သူသည် သူမအပေါ်တွင် သေချာပေါက် ကြိုက်နှစ်သက်လာနိုင်သည်။

ထို့ကြောင့် ယခုအချိန်တွင်တော့ သူမသည် ကောင်းကောင်း လုပ်ဆောင်ရမည် ဖြစ်သည်။

"မီနီ... မင်းက ကြင်နာတတ်လိုက်တာ..."

"မီနီ... မင်းက ဟော်စစ်အပေါ်မှာ ကြင်နာတတ်လိုက်တာ။ ဒါပေမဲ့ ငါတို့ သူ့ကို အလိုလိုက်ထားလို့ မရဘူး။ သူ့အနေနဲ့ အခက်အခဲတွေကို ကိုယ်တိုင် ခံစားသွားရအောင် လွှတ်ထားလိုက်ကြမယ်..."

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now