Part 39

3.7K 394 11
                                    

အပိုင်း (၃၉)

သို့သော်လည်း အန်းရှကိုသာ အမြဲတမ်း မျက်နှာသာပေးလေ့ရှိကြသော လင်မယားနှစ်ဦးသည် ယခုအချိန်တွင်တော့ အန်းသုန်၏ သဘောထားအတိုင်း ရပ်တည်လိုက်ကြလေသည်။

"သမီးအစ်ကိုပြောတာ မှန်တယ်။ သမီးက ကုမ္ပဏီအတွက် ကိစ္စမှန်သမျှကို လုပ်ပေးထားတော့ ဒီကုမ္ပဏီက သမီးပိုင်ဆိုင်မှုပဲ ဖြစ်ရမှာပေါ့"။

သူမ၏ဆုံးဖြတ်ချက်သည် အငြင်းပယ်ခံလိုက်ရတော့သည်။

အန်းရှသည် စိတ်ပျက်မိသွားလေသည်။

သူမ၏ဆန္ဒအတိုင်း အမြဲတမ်း လိုက်နာဖြည့်ဆည်းပေးခဲ့သော မိဘများသည် ယခုအချိန်တွင်တော့ သူမ၏ ဆုံးဖြတ်ချက်ကို သဘောမတူညီကြတော့ချေ။

နောက်ဆုံးတွင်တော့ အန်းရှအတွက် ထိုကိစ္စသည် အလွန်ခက်ခဲသော အကြောင်းတစ်ခုသာ ဖြစ်နေလေတော့သည်။ မိဘများသည် အန်းရှထောက်ပံ့ပေးထားသော ယွမ်ခြောက်သန်းကို ထုတ်ယူ၍ ထိုလုပ်ငန်း၌ ရင်းနှီးမြုပ်နှံရန် ဆုံးဖြတ်လိုက်ကြတော့သည်။

"ရှရှ... အငြင်းသန်မနေနဲ့တော့။ သမီးအစ်ကိုအတွက် ကုမ္ပဏီ တည်ထောင်ပေးချင်တယ်မလား။ အဲဒါဆိုရင် လုပ်လိုက်လေ။ သမီးက ဒီကုမ္ပဏီရဲ့ ရှယ်ယာပိုင်ဆိုင်မှု အများဆုံးသူပဲ ဖြစ်နေမှာကို။ သမီးအစ်ကိုက သမီးအတွက် အလုပ်လုပ်ပေးလိမ့်မယ်"

အန်းချောင်ရှုန်းသည် နောက်ဆုံး ဆုံးဖြတ်ချက်ကို သတ်မှတ်ပေးလိုက်လေသည်။ ထို့ကြောင့် အန်းရှ၏ စိတ်ကူးများသည်လည်း ဖိနှိပ်ခံလိုက်ရတော့သည်။

အန်းရှသည် သူမ၏အစ်ကိုမှာ နောက်ဆုံးအချိန်အထိ ကုမ္ပဏီပိုင်ရှင် ဖြစ်မလာရဘဲ အလုပ်သမားအဖြစ်သာ ဆက်လက် ဖြစ်နေရခြင်းအတွက် စိတ်မသက်မသာမှုကို ခံစားနေရတော့သည်။

သို့သော် သူမအနေဖြင့် ပိုင်ရှင်ဖြစ်နေရခြင်းမှာလည်း ဘာမျှအကျိုးမထူးပေ။ သူမသည် ကုမ္ပဏီသို့ သွားရောက်မည်လည်း မဟုတ်ချေ။

သူမသည် ကုမ္ပဏီကို သူမအစ်ကိုထံသို့ တာဝန်ရှိသူအဖြစ် တိုက်ရိုက် လွှဲပြောင်း ပေးအပ်လိုက်မည်ဖြစ်သည်။ ထိုနည်းလမ်းဖြင့် အစ်ကိုသည် ကုမ္ပဏီ၏ အကြီးအကဲ ဖြစ်သွားမည် ဖြစ်သည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now