Part 21

4.3K 438 2
                                    

21 01

အခန်း ၂၁

အန်းရှသည် သူမ၏ အပြင်ပန်းသွင်ပြင် ပြောင်းလဲသွားမှုအပေါ်တွင် ဂရုစိုက်တတ်သူတစ်ယောက် မဟုတ်ချေ။

အဘယ့်ကြောင့်ဆိုသော် သူမသည် ဂရုစိုက်ရန် အပျင်းထူနေသောကြောင့်ဖြစ်သည်။ သူမ၏ ရွှေလက်ချောင်းလေးကို အားကိုးနေခြင်း ဖြစ်သော​ကြောင့်လည်း သူမသည် သူမ၏ အသားအရည်ကို ထိန်းသိမ်းရန် စိတ်မဝင်စားချေ။

ရေချိုးပြီးချိန်တိုင်းတွင်လည်း သူမ၏ အသားအရည်အတွက် တိုနာနှင့် အလှကုန်တစ်ခုခုမျှကိုသာ သုံးစွဲလေ့ရှိသည်။

သူမသည် အပြင်ထွက်သောအခါတွင်လည်း မျက်နှာကို သန့်ရှင်းရန်သာ လုပ်ဆောင်ပြီး မိတ်ကပ်လည်း လိမ်းလေ့မရှိပါ။

နောက်ထပ် အကြောင်းပြချက် တစ်ခုမှာ သူမသည် မှန်ကြည့်ရခြင်းကို မနှစ်သက်ခြင်းဖြစ်သည်။ ထို့ကြောင့် အသားအရည် ထိန်းသိမ်းရန်ကိုလည်း ဂရုမထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် သူမသည် မိတ်ကပ်လည်း မလိမ်းသောကြောင့် မှန်လည်း ကြည့်ရန် မလိုသလိုပင်။

ထို့အပြင် အန်းရှ၏ ရုပ်ဆင်းသွင်ပြင်သည် တစ်နေ့ထက်တစ်နေ့ ဖြည်းဖြည်းချင်း ပြောင်းလဲလို့လာသည်။ အန်းရှသည် အပြင်ပန်းသွင်ပြင်ကို ဂရုမစိုက်လေဘဲ သူမ၏ ကျန်းမာရေး အခြေအနေကိုသာ ဂရုထားနေသောကြောင့် တစ်လကုန်ဆုံးသွားချိန်တွင် ထိုပြောင်းလဲမှုကို လုံးဝ သတိပင် မထားမိခဲ့ပါ။ သူမ၏ အစွမ်းထက်လှသော ရွှေလက်ချောင်းကြောင့် သူမ၏ ခန္ဓာကိုယ်သည် အများကြီး ပြောင်းလဲသွားလေသည်။

သူမသည် ဤခန္ဓာကိုယ်ထဲသို့ စတင်ဝင်ရောက်လာချိန်တုန်းက မူလပိုင်ရှင်၏ ဤခန္ဓာကိုယ်သည် ဂရုတစိုက်ဖြင့် ပြုစုပျိုးထောင်ပေးမှုကို လိုအပ်နေသော

ပြစ်ချက်ကလေးများဖြင့် ပွင့်လန်းနေသော ပန်းကလေး တစ်ပွင့်ကဲ့သို့ ဖြစ်နေသည်ဆိုလျှင် လက်ရှိ အန်းရှသည် ရင်သပ်ရှုမောဖွယ် လှပလို့နေပြီး အပြည့်အဝ ပွင့်လန်းလျက်ရှိနေသော ပန်းကလေး တစ်ပွင့်ကဲ့သို့သာ ဖြစ်နေလေတော့သည်။

အမှန်တကယ်တော့ အန်းရှ၏ အပြင်ပန်း ရုပ်ဆင်းသွင်ပြင်သည် များစွာ ပြောင်းလဲသွားခြင်း မရှိခဲ့ပါ။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now