Part 26

4K 446 4
                                    

26 01

အခန်း ၂၆

အန်းရှသည် ကလေးတစ်ယောက် မိခင် ဖြစ်နေပြီဆိုသော်လည်း မိန်းမငယ်လေး တစ်ဦးကဲ့သို့ နုပျိုနေလေသည်။

ထို့အပြင် သူ၏ညီမဖြစ်သူသည် သူမ တွေးထင်ထားသည်နှင့် ကွဲပြားနေလေသည်။

သူမ၏ ညီမလေးသည် ကွာရှင်းထားသောကြောင့် မျက်နှာပင် ချောင်ကျနေလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော်လည်း ယခုပုံစံသည်...

သူမ၏ ညီမဖြစ်သူ၏ မျက်နှာမှာ မျက်တွင်းကျခြင်းမရှိသလို ဝမ်းနည်း ပူဆွေးနေသော အရိပ်အယောင်ကိုပင် မတွေ့မြင်ရပါ။

"အစ်မ..."

အန်းရှသည် အန်းရုံကို ကြည့်လိုက်၍ အနည်းငယ်လည်း စိတ်လှုပ်ရှားနေလေသည်။

အန်းရှသည် စိတ်ကိုဖြေလျှော့ပြီးနောက် မူလပိုင်ရှင်၏ မိသားစုကို သူမ၏ ကိုယ်ပိုင်မိသားစုကဲ့သို့ ပြုမူနေထိုင်ရန် ဆုံးဖြတ်ပြီးသော အခါတွင် ထိုမိသားစုဝင်များကို တွေ့ဆုံနိုင်ရန် မျှော်လင့်နေမိတော့သည်။

သူမ၏ မှတ်ဉာဏ်ထဲနှင့် လက်တွေ့ဘဝမှ အန်းရုံသည် များစွာကွာခြားခြင်းတော့ မရှိပါ။ သူမသည် လှပ၍ နူးညံ့သိမ်မွေ့ပုံရသည်။ သို့သော်လည်း သူမသည် ယခင်ကထက် ပို၍ ရင့်ရော်သွားပုံရပြီး ပင်ကိုယ်စရိုက်မှာလည်း ကွဲပြားသွားသည်။

အန်းရှနှင့် အရင်းနှီးဆုံးသော သူမှာလည်း ထိုအစ်မကြီး အန်းရုံပင်ဖြစ်သည်။

မူလပိုင်ရှင်သည် သူ၏မိဘများကို နှစ်ပေါင်းများစွာ အဆက်အသွယ် မပြုလုပ်ခဲ့သော်လည်း အန်းရုံနှင့်တော့ ရံဖန်ရံခါ အဆက်အသွယ်ပြုလုပ်ခဲ့သည်။

အန်းရုံသည်သာ အန်းရှကို ဇွဲရှိရှိ ဆက်သွယ်ခဲ့ခြင်း ဖြစ်လေသည်။

"အစ်မ..."

အန်းရုံသည် ငါးနှစ်ဆိုသည့် အချိန်ကာလကြောင့် အန်းရှအပေါ်တွင် အနေကွာဝေးသောကြောင့် စိမ်းသက်မှုကို ခံစားခဲ့ရသော်လည်း အန်းရှ၏ မျက်ဝန်းများ လင်းလက်ကာ သူမကိုခေါ်လိုက်သော အသံချိုချိုလေးကြောင့် သူတို့၏ ငယ်ဘဝကိုပင် အမှတ်ရသွားလေတော့သည်။ သူမခံစားနေခဲ့ရသော စိမ်းသက်မှုများသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now