Part 59

2.8K 302 8
                                    

 အပိုင်း (၅၉)

"ထူးဆန်းလိုက်တာ... ကားကရောက်နေပြီ။ ဘာဖြစ်လို့ အနုပညာရှင်တွေက ဝင်မလာကြသေးတာလဲ..."

အန်းလင်မယားသည် လွန်ခဲ့သော အချိန်များစွာကတည်းက ဂိုထောင်ထဲတွင် ရပ်ထားသော ကားပေါ်မှ ဇာတ်ဝင်ပစ္စည်းများကို ထုတ်ယူ၍ ရိုက်ကူးရေးတည်နေရာသို့ သယ်ဆောင်သွားကြသည်ကို ကြည့်ရှုနေလေသည်။

သို့သော် နာမည်ကြီး အနုပညာရှင်ငါးဦးသည် အခုအချိန်အထိ ပေါ်မလာသေးချေ။

အန်းမိသားစုနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ကျောင်းချန်၍ ပြုံး၍ ပြောပြလေသည်။ "အဲဒီငါးယောက်ကတော့ လာလမ်းမှာတင် နောက်တစ်ခေါက် အငြင်းပွားနေကြပြန်ပြီ ထင်တယ်..."

အနုပညာရှင် ငါးယောက်၏ ငြင်းခုံစကားများကြသည်မှာ ယခုသည် ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ အငြင်းပွားကြသော အကြောင်းအရင်းများမှာ ဟော်စစ်နှင့် ကျောင်းမီနီတို့ကြောင့်သာ ဖြစ်လေသည်။

ထိုသူတို့နှစ်ဦး၏ ဆက်ဆံရေးသည် ထိုအစီအစဉ်၏ အာရုံစိုက်ဖွယ်ရာ အကြောင်းတစ်ခု ဖြစ်လို့နေသည်။

"အာ... အဲဒါက ဟော်စစ်နဲ့ မီနီလား..."

အမျိုးသမီးအန်းသည် မျက်ဝန်းများ ဝင်းလက်သွား၍ စကားများရသော အကြောင်းအရာကို ချက်ချင်းဆိုသလို ခန့်မှန်းနေမိလေသည်။

အမျိုးသမီးအန်းသည် အန်းမိသားစုများ အားလုံးထဲတွင် 'ဘဝရဲ့ အနားယူအပန်းဖြေချိန်' ကို အကြည့်ရှုဆုံး ပရိသတ်တစ်ယောက် ဖြစ်လေသည်။

သူမသည် ပါဝင်သော အနုပညာရှင်များ အားလုံးကို နှစ်သက်လေသည်။

ဟော်စစ်သည် အဘယ်ကြောင့် အခန့်ညားဆုံး မဖြစ်ရလေသနည်း။

အဘယ်ကြောင့်ဆိုသော် သူမသည် အစီအစဉ်တွင် ပါဝင်သူများကို သမက်ဖြစ်နိုင်လောက်သည့် စံနှုန်းများထား၍ ကြည့်ရှုသောကြောင့် ဖြစ်လေသည်။

ဟော်စစ်သည် သူမ၏ သမီးထက် ငယ်ရွယ်လေသည်။ သူမသည် ဟော်စစ်နှင့် လီကျစ်ရီတို့ကို စိတ်ကူးထဲပင် မထည့်ထားလေဘဲ ထိုသူများကို ကလေးများဟုသာ သဘောထားလေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now