Part 80

2.4K 277 2
                                    

80 01

အပိုင်း (၈၀)

ကောင်းမှုများကို ပြုလုပ်လိုက်သောအခါ နောက်ဘဝအတွက် ကုသိုလ်တရားများကို စုဆောင်းမိသွားသည်ဟု ဆိုရိုးတစ်ခုရှိလေသည်။ နောက်ဘဝဆိုသည်မှာ အမှန်တကယ် ရှိမရှိကို သူမ မသိရှိသော်လည်း သူမသည် စိတ်သက်သာရာ ရလိုသောကြောင့် မူလပိုင်ရှင်၏ နောက်ဘဝအတွက် ကုသိုလ်များကို စုဆောင်းပေးကာ မူလပိုင်ရှင်၏ ဘဝကို ပျော်ရွှင်စေလိုခြင်း ဖြစ်လေသည်။

မြို့ပေါ်တွင် ရက်ပေါင်း အနည်းငယ်ကြာအောင် မော့ကျားရှုနှင့် အတူတကွ နေထိုင်လာပြီးနောက်တွင် သူမသည် ထိုကလေးနှင့် တဖြည်းဖြည်းချင်း နေသားကျလာပြီ ဖြစ်လေသည်။

ထိုကလေးသည် သူမထက်ပင် အသက်အရွယ် ပိုမို၍ ကြီးရင့်နေနိုင်သော်လည်း သူသည် အလွန်ကို ကောင်းမွန်၍ နာခံတတ်ကာ တစ်ခါတစ်ရံတွင် ကလေးတစ်ယောက်ကဲ့သို့ပင် ပြုမူနေထိုင်နေသည်။

ထိုအချက်ကြောင့်ပင် တစ်ခါတစ်ရံတွင် သူမသည် မော့ကျားရှုအား တကယ့် ကလေးတစ်ယောက်မဟုတ်သည့် အကြောင်းကိုပင် မေ့လျော့သွားစေလေသည်။

တစ်နေ့တွင် အန်းရှသည် မော့ကျားရှုအတွက် နေ့လယ်စာပြင်ဆင်ပေး၍ ခါတိုင်းလိုပင် ဆေးရုံသို့ ပို့ပေးလိုက်လေသည်။

မော့ကျားရှုသည် ခါတိုင်းကဲ့သို့ပင် ထိုနေ့လယ်စာ ထမင်းဗူးလေးကို ပျော်ရွှင်စွာ စားသောက်လိုက်လေသည်။ စားသောက် ပြီးစီးသွားသောအခါ ပုံမှန်နှင့် ကွဲပြားခြားနားသော စကားလုံးများကို ပြောဆိုလိုက်လေသည်။ "အမေ... သား အရင်ရက်တွေကတည်းက နေမကောင်းဖြစ်တာ သက်သာသွားပြီ။ အဲဒီတော့ အမေ အိမ်ကိုပြန်ပြီး အဖိုးနဲ့ အဖွားကို အဖော်ပြုပေးလိုက်ပါ..."

ထမင်းဗူးကို ပြန်လည်ထုတ်ပိုးနေသော အန်းရှသည် မော့ကျားရှု၏ စကားလုံးများကို ကြားလိုက်ရသောအခါ အနည်းငယ် အံ့သြသွား၍ မေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ..."

မော့ကျားရှုသည် လေးနက်စွာ ပြောလာလေသည်။ "အမေ ဒီမှာပဲ တစ်သက်လုံး နေသွားမယ်ဆိုရင် ထောင်ကျစ်ရှင်းနဲ့ အဖေ့ကို တွေ့နေရမှာလေ။ သားက အမေ့ကို စိတ်မညစ်စေချင်ဘူး..."

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now