Part 102

1.2K 101 2
                                    

102 01

အပိုင်း (၁၀၂)

အန်းချိုးသည် အန်းရှအား နာကျည်းနေသည့်အလျောက် သူမအား အစ်မလတ်ဟု မခေါ်ချင်ဘဲ နာမည်ကိုသာ တိုက်ရိုက်ခေါ်လိုက်လေသည်။

"ဆိုးလိုက်တဲ့ကောင်လေး။ မင်းဘယ်လိုတောင် ပြောလိုက်တာလဲ..." အန်းချောင်ရှုန်းသည် အန်းချိုးအား စိတ်ဆိုးစွာ ရိုက်လိုက်လေသည်။

"ရှောင်ချိုး... အိမ်ထဲကိုသွားပြီး ပြောရအောင်..."

အမျိုးသမီးအန်းသည် ခေါင်းမာသော အန်းချိုးအား အိမ်ထဲသို့ ဆွဲခေါ်လာခဲ့ကာ အန်းရှအကြောင်းကို စတင်၍ ပြောဆိုတော့သည်။

သူ၏ အစ်မလတ်သည် ကွာရှင်းလိုက်ကာ သူမ ဖြတ်သန်းလာခဲ့ရသော ဘဝသည် ဆိုးဝါးခဲ့သည်ကို သိလိုက်ရသောအခါ အန်းချိုး၏ စိတ်ထဲမှ ဒေါသများသည် များစွာ လျော့ပါးသွားတော့သည်။

သူသည် အန်းရှအနေဖြင့် သူတို့၏ မိသားစုအပေါ်တွင် ငါးနှစ်ကြာအောင် ခွဲခြားဆက်ဆံခဲ့မှုများအတွက် ခွင့်မလွှတ်နိုင်သေးချေ။

"အမေ၊ အဖေ... သူမ ပြန်ပြီးတော့ ပေးဆပ်သင့်တယ်။ သူမကိုလည်းကြည့်ဦး။ သူမက အမေတို့ကို ငါးနှစ်ကြာအောင် စိတ်ထဲထည့်ခဲ့တာမဟုတ်ဘူး။ အဲဒါက လူတဲ့လား..."

သူတို့၏ အငယ်ဆုံးသားလေးသည် ခေါင်းမာနေဆဲဖြစ်သောကြောင့် အန်းလင်မယားသည် ကူကယ်ရာမဲ့စွာ ခေါင်းကို ခါးယမ်းနေရတော့သည်။

သူတို့၏စိတ်ထဲတွင်တော့ အငယ်ဆုံးသားလေးသည် အန်းရှအား ခွင့်လွှတ်ပြီးဖြစ်ကြောင်းကို သိလေသည်။

အန်းရှနှင့် အန်းချိုးတို့သည် တွေ့ဆုံကြသောအခါ ပြန်လည်သင့်မြတ်သွားနိုင်မည် ဖြစ်လေသည်။

"တီဗွီက ဘယ်မှာလဲ။ ကျွန်တော် ဒီနေ့ည 'ပန်းပွင့်လေးတစ်ပွင့် မွေးဖွားခြင်း' ကို ကြည့်မလို့။ ဒုတိယပိုင်းကို ဒီည ထုတ်လွှင့်မှာလေ..."

အန်းလင်မယားသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြလေသည်။ သူတို့၏ မျက်ဝန်းများထဲတွင် အံ့ဩမှုများကို တွေ့လိုက်ကြရလေသည်။

'ပန်းပွင့်လေးတစ်ပွင့် မွေးဖွားခြင်း' အစီအစဉ်တဲ့လား။ ထိုအစီအစဉ်သည် သူတို့၏ သမီးလေးပါဝင်သော ရှိုးမဟုတ်လား။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now