Part 4

5.1K 516 1
                                    

Unicode

အခန်း ၄

“သူဘာဖြစ်တာလဲ။ ဘာလို့ မူးလဲသွားတာလဲ”

“မစ္စတာမော့၊ ခင်ဗျားဇနီးက ကိုယ်ဝန်ဖျက်ချတာကြောင့် အားနည်းနေတာ ဖြစ်နိုင်တာကြောင့် သူသတိလစ်သွားပေမယ့်… ကျွန်တော်တို့ ဘာပြဿနာမှ မတွေ့တာကြောင့်…”

မှေးမှိန်မှုကြား အန်းရှသည် မော့ယွီစန်းမှာ ဆရာဝန်အား စကားပြောနေသည်ကို ကြားခဲ့သည်။

တဖြည်းဖြည်းနှင့် သူမ၏မျက်လုံးများပွင့်လာကာ ထပ်မံကာဆေးရုံဝင်းထဲမှ ထွက်သွားသော မော့ယွီစန်းကိုတွေ့ခဲ့သည်။

အထူးသဖြင့် ဆေးရုံဝင်းထဲ ယခင်ကထက် သူနာပြုများပို၍ရှိ‌နေခဲ့သည်။

“ဒေါက်တာလီ၊ မစ္စမော့နိုးလာပြီ”

သူ့အနားမှသူနာပြုမှာ သူမမျက်လုံးပွင့်လာသည်ကိုမြင်သောကြောင့် စိတ်လှုပ်ရှားစွာအော်လိုက်သည်။

အန်းရှနိုးလာသည်ကို ဒေါက်တာလီနှင့်မော့ယွီစန်းတို့ သတိထားမိခဲ့သည်။

“ကျွန်မ ဘာဖြစ်သွားတာလဲ...”

အန်းရှ၏စိတ်များ တုန်လှုပ်သွားသည်။

သူမခန္ဓာကိုယ်မှာ တစ်ခုခုမှားယွင်းနေသလား။

“မစ္စမော့၊ ခင်ဗျားသတိလစ်သွားတာလေ” ဒေါက်တာလီပြောလိုက်သည်။

အန်းရှသည် မျက်မှောင်ကြုတ်မိသွားသည်။

သတိလစ်သွားတယ်။ သူမသတိလစ်သွားတာလား။

သူမသည် ပန်းခရမ်းရောင်အလင်းကို မှတ်မိခဲ့သည်။

ထိုအရာမှာ ကယောင်ကတမ်းလား။ သို့မဟုတ် ၎င်းမှာ မှန်ကန်နေသလား...

ဒေါက်တာလီသည် အန်းရှအား စိတ်ပူတကြီး ချဉ်းကပ်ကာ မေးလိုက်သည်။ “မစ္စမော့၊ အခုဘယ်လိုခံစားရလဲ။ သက်တောင့်သက်သာမဖြစ်တာမျိုးရှိလား”

သူမခန္ဓာကိုယ်မှာ သက်တောင့်သက်သာလုံးဝဖြစ်နေသည်ကို သတိထားမိသွားခဲ့သည်။

အထူးသဖြင့် နာကျင်နေခဲ့သော အောက်ဘက်ဝမ်းဗိုက်ပိုင်းမှာ...ဘာမှမဟုတ်သကဲ့သို့...ခံစားခဲ့ရသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now