Part 95

1.3K 144 0
                                    

95 01

"အပိုင်း (၉၅)"

"ရှရှ... နင် မသိသေးဘူးလား။ ထောင်ကျစ်ရှင်းက လက်တလောမှာ အခြေအနေမကောင်းဘူးလေ..."

"ဘာဖြစ်လို့လဲ..."

ထောင်ကျစ်ရှင်းအား အလွန်ရန်လိုနေသော မော့ကျားရှုသည် သူမဘဝအား အဆင်မပြေစေရန် ပြုလုပ်မည်ကိုတော့ အန်းရှအနေဖြင့် သိနေသော်လည်း မော့ကျားရှု၏ အကြုံအစည်များကိုမူ သူမ မသိရှိပေ။

"ထောင်ကျစ်ရှင်းရဲ့ ခင်ပွန်းဟောင်း ကျောင်းဟောင်က ပြန်ရောက်နေတယ်လေ..." တစ်ဖက်ခြမ်းမှ ဖုန်းပြောဆိုနေသော ထောင်ကျစ်ရှင်းသည် ထိုအကြောင်းအရာများကို စိတ်မပါဟန်ဖြင့် လှောင်ပြော ပြောနေလေသည်။

"ကျောင်းဟောင် ဟုတ်လား..." အန်းရှသည် အံ့သြသွားလေသည်။ ကျောင်းဟောင်သည် ဇာတ်ဆောင် မင်းသားနှင့် မင်းသမီးဖြစ်သူသည် နောက်ပိုင်းတွင် အတူတကွ ရှိနေချိန်တွင်သာ ထွက်ပေါ်လာရမည့် သူတစ်ဦး ဖြစ်လေသည်။

ယခုအချိန်တွင်တော့ ထိုအမြောက်စာဖြစ်နေသော သူသည် ထွက်ပေါ်လာရဦးမည် မဟုတ်ပေ။

"အဲဒီလူက ဘယ်လိုဖြစ်ပြီး ရုတ်တရက် ပြန်ရောက်လာတာလဲ။ သူက နိုင်ငံခြားမှာ အခြေကျနေပြီ မဟုတ်လား..."

ကျောင်းဟောင်သည် ထိုအချိန်တုန်းက ကုမ္ပဏီ ဒေဝါလီခံနေသော်လည်း သူ့ထံတွင် ချမ်းသာသော ချစ်သူတစ်ယောက် ရှိလေသည်။

ထိုအရာသည် ဇာတ်ဆောင်မင်းသမီး ထောင်ကျစ်ရှင်းမှာ ခင်ပွန်းဖြစ်သူအား ကွာရှင်းနိုင်ကာ သူမ၏ ကလေးနှစ်ယောက်နှင့်အတူ အိမ်သို့ ချောချောမွေ့မွေ့ပြန်နိုင်သော အကြောင်းပြချက် ဖြစ်လေသည်။

ထိုသူသည် ထောင်ကျစ်ရှင်းဆိုသော တာဝန်ကြီးကို ဖယ်ထုတ်ပစ်ချင်နေခဲ့လေသည်။

"ဘယ်သူက သိနိုင်မှာလဲ။ အခုလောလောဆယ်တော့ ထောင်ကျစ်ရှင်းရဲ့ အခြေအနေက လုံးဝကို ကောင်းမနေဘူး။ သူမရဲ့ ခင်ပွန်းဟောင်းက ပြောလို့ဆိုလို့ ကောင်းတဲ့သူတစ်ယောက်တော့ မဟုတ်ဘူး။ ပြီးတော့ ထောင်ကျစ်ရှင်းကို မကောင်းသတင်းတွေလွှင့်ဖို့ မော့ယွီစန်းရဲ့ ကုမ္ပဏီကို သွားခဲ့တယ်တဲ့။ သူမက သိုက်တူးသမားလို့ ပြောခဲ့ပြီးတော့ သူ့ကိုကွားရှင်းရတဲ့ အကြောင်းကလည်း သူက ပိုက်ဆံမရှိတော့လို့တဲ့..."

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now