Part 15

4.8K 515 4
                                    

Unicode
အခန်း ၁၅

“ကျေးဇူးတင်ပါတယ်...”

“ဘယ်သူလဲ”။

ထိုအသံသည် အမှောင်ထဲမှ လာသောအသံ ဖြစ်သော်လည်း အန်းရှသည် ကြောက်ရွံ့သွားခြင်း မဖြစ်ခဲ့ပါ။ ဒါ့အပြင် လုံခြုံမှု ပေးနေသည်ဟုပင် ထူးထူးခြားခြား ခံစားလိုက်ရသည်။

“နောင် အနာဂတ်မှာ မင်းက ကျွန်မဖြစ်လာလိမ့်မယ်။ မင်း ကျွန်မမိဘတွေကို ကောင်းကောင်း စောင့်ရှောက် ပေးမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ကျွန်မက အရင်တုန်းက သားသမီးဝတ္တရား မကျေပွန်ခဲ့ဘူး။ အရမ်းလည်း တစ်ကိုယ်ကောင်း ဆန်ခဲ့မိတယ်။ အရမ်းလည်း ယုံမှားသံသယ ဖြစ်ခဲ့တယ်...”။

အန်းရှသည် စိတ်ရှုပ်ထွေးနေလျက်ပင် အမှောင်ထဲမှ လာသော အသံ၏ ပိုင်ရှင်ကို သိသွားလေသည်။

သူက ဝတ္ထုစာအုပ်ထဲမှ အန်းရှပင် ဖြစ်သည်။

“ရှင်...ရှင် ဒီမှာ ရှိနေတုန်းပဲလား။ ဒါဆိုရင် ရှင့်ရဲ့ မိဘတွေကို ရှင်ကိုယ်တိုင် ပြုစု စောင့်ရှောက်ပါလား”။

အန်းရှသည် ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ပြီး မူလပိုင်ရှင်၏ ခန္ဓာကိုယ်ကိုလည်း စိတ်တိုင်းကျလှသည် ဖြစ်သည်။ ဤခန္ဓာကိုယ်သည် မူလပိုင်ရှင်၏ ခန္ဓာကိုယ်ပင် ဖြစ်သည်။ မူလပိုင်ရှင်သာ သေဆုံးသွားမည်ဆိုလျှင် အန်းရှသည် သူမ၏ ခန္ဓာကိုယ်ကို စိတ်ချလက်ချဖြင့် သိမ်းပိုက် နေထိုင်နိုင်မည် ဖြစ်သည်။

သို့သော် မူလပိုင်ရှင်သည် မသေဆုံးသေးဘဲ တည်ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် သူမသည် မရမက ဇွတ်မေးနေသော်လည်း သူမ၏ဆန္ဒ ပြည့်ဝရန် အတွက်ကြောင့်နှင့်တော့ အခြားသူတစ်ယောက်၏ ခန္ဓာကိုယ်ကို မသိမ်းပိုက်ချင်ခဲ့ပါ။

“ရှင့်ရဲ့မိဘတွေက သူတို့ သမီးအရင်းရဲ့ ပြုစုစောင့်ရှောက်မှုကိုသာ လိုအပ်တာလေ။ အဲဒါ ကျွန်မမှ မဟုတ်ဘဲ”။

“မဟုတ်ဘူး...ကျွန်မ ဆက်ပြီး အသက် မရှင်ချင်တော့ဘူး။ ကျွန်မ သူ့ကို ချစ်တယ်...ကျွန်မ သူ့ကို ချစ်တဲ့အတွက်...ကျွန်မကိုယ်ကျွန်မ မထိန်းချုပ်ထားနိုင်မှာကို ကြောက်တယ်...ကျွန်မ အရမ်းချစ်ရတဲ့ ယောက်ျားကို ထောင်ကျစ်ရှင်းနဲ့ အတူရှိနေတာကို မမြင်ချင်ဘူး။ ပြီးတော့ ကျွန်မရဲ့သားလေးကလည်း အဲဒီ မိန်းမကို သဘောကျသွားပြီး အမေလို့ ခေါ်နေမှာကိုလည်း ကျွန်မ မခံစားနိုင်ဘူး...အဲဒီလိုတွေ ဖြစ်လာမဲ့အစား...ကျွန်မ သေလိုက်တာပဲ ကောင်းမယ်...”။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now