Part 84

1.9K 252 1
                                    

အပိုင်း (၈၄)

"မဆိုးဘူးပဲ.. သမီးနဲ့ အရမ်း လိုက်ဖက်မဲ့ပုံရတယ်။ မြန်မြန် စမ်းဝတ်ကြည့်လိုက်လေ..." အမျိုးသမီးအန်းသည် ပြုံးရယ်လိုက်၍ သူမအား တိုက်တွန်းလိုက်လေသည်။

သူမ၏ တိုက်တွန်းမှုအရ အန်းရှသည် ထိုအဖြူရောင် ဝတ်စုံရှည်က်ို လျင်မြန်စွာ စမ်းဝတ်လိုက်တော့သည်။

ထိုဝတ်စုံသည် ရိုးရှင်းလှသော်လည်း အန်းရှအနေဖြင့် ဝတ်ဆင်လိုက်သောပခါ သူမ၏ အလှတရားများကို ပေါ်လွင်စေတော့သည်။

သို့သော် နှမျောစရာကောင်းသည်က ဝတ်စုံသည် ရှည်လျားသောကြောင့် အန်းရှ၏ သွယ်လျသော ခြေကျင်းဝတ်နှင့် ရှည်လျားပြီး လှပသော ခြေထောက်များကို အနည်းငယ်သာ မြင်ရလေသည်။

ဝတ်စုံမှာ ဗွီပုံစံ လည်ပင်းရှိသော်လည်း သူမ၏ ဆွဲဆောင်မှုရှိလှသော ညှပ်ရိုးများကိုသာ အနည်းငယ် မြင်တွေ့ရလေသည်။

ထိုဝတ်စုံသည် သူမ၏ ကြော့ရှင်း သပ်ရပ်လှသော အလှတရားများကို ဖော်ထုတ် ပြသထားလေသည်။

အထူးသဖြင့် အန်းရှသည် သူမ၏ ပရိတ်သတ်များ လက်ဆောင်ပေးထားသော လက်ရာမြောက်လှသည် အနက်ရောင် ကော်လာကို ဝတ်ဆင်ထားသောအခါ သူမသည် ကျောင်းသူတစ်ဦးကဲ့သို့ ငယ်ရွယ်နုပျိုပြီး ဆွဲဆောင်မှု ရှိသွားစေလေသည်။

"ဟုတ်တယ်... သမီးရဲ့ ပရိတ်သတ်တွေက တကယ်ကို အမြင်ရှိတာပဲ။ ဒီဝတ်စုံလေးက သမီးနဲ့ တကယ်ကို ကြည့်ကောင်းတယ်..."

အန်းရှသည် ပြုံးရယ်၍ ခေါင်းညိတ်လိုက်လေသည်။ "သမီးလည်း အဲဒီလိုပဲ ထင်တယ်..."

ဝတ်စုံသည် ရိုးရှင်းလှသည် ဆိုသော်လည်း သပ်သပ်ရပ်ရပ် ဂရုတစိုက်ဖြင့် ချုပ်လုပ်ထားခြင်း ဖြစ်လေသည်။

ဝတ်စုံပေါ်တွင် ဈေးနှုန်းကဒ်ပြား မပါရှိသလို သူမ၏ ပရိတ်သတ်များသည်လည်း တန်ဖိုးမများလှကြောင်း ပြောထားလေသောကြောင့် သူမသည်လည်း များစွာ ဂရုမထားတော့ပေ။

"အချိန်က စောပါသေးတယ်။ မိတ်ကပ်နည်းနည်းပါးပါး လိမ်းလိုက်ဦးလေ..."

"ဟင်... မိတ်ကပ်လား..."

အန်းရှသည် အမျိုးသမီးအန်း၏ တိုက်တွန်းမှုကြောင့် မိတ်ကပ်ကို မလိမ်းချင်သော်လည်း လိမ်းလိုက်ရလေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now