Part 82

2.2K 252 1
                                    

82 01

အပိုင်း (၈၂)

ဖုန်းလာတာလား...

အန်းရှသည် သံသယဝင်စွာဖြင့် ခေါင်းကိုမော့လိုက်ကာ သူမအား ဖုန်းလှမ်းပေးနေသော အမျိုးသမီးအန်းကို ကြည့်လိုက်လေသည်။

သူမ၏ ဖုန်းနံပါတ်အသစ်ကို လူအနည်းငယ်သာ သိရှိလေသည်။

သူမ၏ ဖုန်းနံပါတ်ကို သိရှိသော သူများကိုလည်း သူမ၏ မိဘများက သိလေသည်။

သို့သော် အမျိုးသမီးအန်းသည် ယခု ဖုန်းခေါ်ဆိုနေသောသူကို မသိသည်မှာ သိသာထင်ရှားလှပေသည်။

ထိုသူမှာ မော့ယွီစန်းဖြစ်နိုင်လေသည်။ ထိုသူသည် ဘာကြောင့်များ သူမအား ဖုန်းခေါ်ဆိုနေရသနည်း။

သို့သော် ထိုကဲ့သို့ မဟုတ်ပေ။ ထိုသူသည် သူမအား ကြည့်တောင် မကြည့်ချင်ပေ။ ထိုသို့သာဆိုလျှင် ထိုသူသည် သူမအား ဖုန်းခေါ်ဆိုမည် မဟုတ်ပေ။

"ဘယ်သူလဲဟင်..." အန်းရှသည် သံသယဝင်စွာဖြင့် အမျိုးသမီးအန်းအား မေးလိုက်လေသည်။

"သမီးရဲ့ အတန်းဖော်လို့ ထင်တာပဲ..."

"ဟင်... သမီးရဲ့ အတန်းဖော်..." အန်းရှသည် ပို၍ပင် အံ့အားသင့်သွားလေသည်။

သူမသည် ဖုန်းနံပါတ်အသစ်အား ပြောင်းလဲလိုက်သည်ဟု မဆိုထားနှင့် သူမ၏ နံပါတ်ကို မပြောင်းလဲထားလျှင်တောင် မူလပိုင်ရှင်၏ ဖုန်းထဲတွင် အတန်းဖော်ဆိုပြီး မှတ်ထားသော နံပါတ်များပင် မရှိချေ။

မူလပိုင်ရှင်သည် မော့ယွီစန်းအား လက်ထပ်လိုက်ပြီးကတည်းက သူမ ပျောက်ကွယ်သွားခြင်း ဖြစ်လေသည်။

သို့သော် ယခုတွင်တော့...

ရှင်းပြ၍မရနိုင်သော ခံစားချက်များနှင့်အတူ အန်းရှသည် အမျိုးသမီးအန်း၏ လက်ထဲမှ ဖုန်းကို ယူလိုက်လေသည်။

"ဟဲလို... ဟဲလို ကျွန်မက အန်းရှပါ။ ရှင်က ဘယ်သူလဲ မသိဘူးနော်..."

"ကျောင်းရဲ့ နာမည်ကြီး အလှလေး... ငါ နင့်ကို နောက်ဆုံးတော့ အောင်အောင်မြင်မြင် ဆက်သွယ်နိုင်ပြီပေါ့..."

သူမနှင့် မရင်းနှီးသော အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရလေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now