Part 11

4.7K 508 2
                                    

Unicode

အခန်း ၁၁

သို့သော်လည်း ချန်ရွှယ်မင်သည် အံ့သြ ထိတ်လန့်သွားခြင်းမရှိပါ။

မော့ယွီစန်းသည် အန်းရှကို မချစ်သော်လည်း ထိုမျှလောက် ငွေကြေးများကို ပေးချင်စိတ်ရှိနေသည်ကိုတော့ အံ့သြမိသည်။ ပစ္စည်းခွဲဝေမှုတွင်လည်း  ရှေ့နေတစ်ဦးဖြစ်သည့် သူမ မျှော်မှန်းထားသည်ထက်ပင် အများကြီး ပိုများနေသော်လည်း ယခုထက် ပိုမိုများပြားသင့်သည်ဟု သူမထင်သည်။ ထို့အပြင် ဤသန်းပေါင်း ၂၆၀ သည် မော့ယွီစန်းအတွက်တော့ မပြောပလောက်သည့် ပမာဏဖြစ်သည်။

“သန်း ၂၆၀ ပဲလား။ ဒီမယ် ရှေ့နေချီ...မော့ယွီစန်းပိုင်တဲ့ အိမ်တွေထဲက ကြုံရာတစ်လုံးကို ရွေးထုတ်ကြည့်လိုက်ရင်တောင် သန်း ၁၀၀ လောက်ကတော့ တန်ကြေးရှိနေတာပဲ။ ပိုင်ဆိုင်မှုခွဲဝေတာကို သန်း ၂၆၀ လောက်ပဲ လျော်ကြေးပေးတာကတော့ အဓိပ္ပာယ်မရှိရာကျလွန်းပါတယ်”။

ရှေ့နေ ချီလိသည် ချန်ရွှယ်မင်၏ စီနီယာ အကြီးအကဲတစ်ဦးဖြစ်သော်လည်း အန်းရှသည် သူမ၏ သူငယ်ချင်းကောင်းတစ်ဦးဖြစ်ပြီး အန်းရှကြောင့်သာ သူမသည် ရှေ့နေလောကထဲသို့ အဆင်ဆင်ပြေ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

မော့ယွီစန်းဘက်မှ ရှေ့နေသည် သူမ၏ စီနီယာ ဖြစ်နေစေကာမူ ချန်ရွှယ်မင်အနေဖြင့် ငဲ့ညှာနေစရာ မလိုပေ။

"ဟုတ်တာပေါ့။ သန်း ၂၆၀ ဆိုတာက သူဋ္ဌေးမော့က မိန်းကလေးအန်းကို ပေးတဲ့ လျော်ကြေးငွေသက်သက်ပါပဲ"။

ထို့နောက် ချီလီသည် အန်းရှကို အခြားစာချုပ်စာတမ်းများ လွှဲပေးလေသည်။ "ဒါတွေကတော့ မိန်းကလေးအန်းကို သူဋ္ဌေးမော့ ခွဲဝေပေးလိုက်တဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေပါ"။

"ဒါကတော့ မိန်းကလေးအန်းအတွက် ဝေစုပါ"။

ချန်ရွှယ်မင်သည် ရှေ့နေချီ ကမ်းပေးလိုက်သော စာရွက်စာတမ်းများကို ကြည့်လိုက်သောအခါ လုံးဝကို ထိတ်လန့်မိသွားတော့သည်။

မော့ယွီစန်းသည် နိုင်ငံအနှံ့ရှိနေသော သူ၏ ပိုင်ဆိုင်မှုများစွာကို ခွဲဝေပေးလိုက်ခြင်းဖြစ်သည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now