Part 1

17.6K 498 2
                                    

"ယင်အာ ပြေးတော့။"

မောပန်းနွမ်းနယ်စွာနဲ့ ထိုလူဟာ သူ့ခန္ဓာကိုယ်ကို ထိန်းကိုင်ပေးထားတဲ့ လူငယ်လေးကို ပြောတယ်။ထိုလူရဲ့ ခါးမှ တစ်စက်စက်စီးကျနေတဲ့ သွေးတွေဟာ ယင်အာရဲ့ အဖြူရောင် အင်္ကျီပေါ်ကို စွန်းထင်းသွားတယ်။

"အစ်ကိုတော့်ကို တစ်ယောက်တည်း ထားမသွားနိုင်ဘူး။"

လူငယ်လေးဟာ ထိုသို့ပြောတော့ ထိုလူဟာ ရင်မောသွားပုံပါပဲ။ သူ့ရဲ့ ဝတ်ရုံမဲပေါ်ကို လက်ကလေးနဲ့ အားတင်းဆုပ်ကိုင်ထားတဲ့ ယင်အာရဲ့ လက်ကို ကြမ်းတမ်းစွာ တွန်းထုတ်လိုက်တယ်။ဒီဘဝတော့ ဒီမျှနဲ့ပဲ ယင်အာရယ်။ အစ်ကိုတော် မင်းကို အဆုံးရှုံး မခံနိုင်ဘူး။

"ခေါင်းမာနေရမဲ့ အချိန်မဟုတ်ဘူး။ ရှစ်ယင်!။
ဝေးနိုင်သမျှ အဝေးဆုံးကို ထွက်သွား။ပြီးတော့ ကိုယ်....။"

ပြောသင့်လား။ မပြောသင့်လား။ သူ မစဥ်းစားတတ်တော့။ဒီဘဝမှာ ယင်အာ့ကို အချစ်ဆုံးပါ။ဒီစကားတစ်ခွန်းက ဘာတွေများ ရင်လေးစေတာလဲ။ သူ့နှုတ်က ထွက်မလာနိုင်တော့။တုန်ယင်နေတဲ့ လက်နဲ့ တစ်ဆို့နေတဲ့ လည်ချောင်း။ ရှင်ဘုရင့်ထံမှာ မင်းကို ဆက်သရမယ် တဲ့လား ယင်အာရယ်။ အစ်ကိုတော်သာ အသေခံလိုက်မယ်။မင်းကိုတော့ အဲ့ဒီ စက်ဆုတ်စရာ ဘုရင့်ခြေတော်ရင်းမှာတော့ ခစားခွင့် မပြုနိုင်ဘူး။

"ဟိုမှာ.... လိုက်ကြ။"

ဘုရင့်တပ်တော်သားတွေဟာ သူ့တို့ကို တွေ့သွားပြီး အလောတကြီး လိုက်လာကြတယ်။သူ ရင်ထိတ်စွာနဲ့ ယင်အာ့ကို အတွင်းအားနဲ့ အဝေးဆုံးကို တွန်းထုတ်လိုက်တယ်။

"ကိုယ့်ကို ချစ်ရင် ပြေးပါတော့ ယင်အာရယ်။"

တိုးညင်းစွာပြောလိုက်တဲ့ စကားကိုတော့ ယင်အာ မကြားနိုင်တော့။

ထိုရှစ်ယင်ဆိုတဲ့ လူငယ်လေးဟာ အစ်ကိုတော့်ကို ဝမ်းနည်းစွာ ကြည့်ပြီးတော့ နောက်လှည့်မကြည့်ပဲ ပြေးထွက်သွားတယ်။မယ်တော်၊ခမည်းတော်၊ ညီမတော်၊ အစ်ကိုတော် ။ အားလုံးဟာ သူ့ကြောင့်။ သူ့ကြောင့် သေခဲ့ရတာ။ ဘုရင်ဆိုတဲ့ သူနဲ့သာ မတွေ့ခဲ့ရင် သူ အခုလောက်ဆို ညီမတော်နဲ့ ဥယျာဥ်ထဲမှာ လမ်းများလျှောက်နေမလား။ ဒါမှ မဟုတ် အစ်ကိုတော်နဲ့ ရေတံခွန်ဘက်မှာ စကားပြောနေမလား။ အတွေးတွေနဲ့တင် သူ မခံမရပ်နိုင်ဖြစ်ရသည်။ ဘာလို့လဲ။ သူက ဘာတွေများ အမှားလုပ်ခဲ့လို့ ဒီလိုတွေ ကြုံတွေ့နေရတာလဲ။ စိတ်နှလုံးတွေ ကြေကွဲရနေပါပြီ။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now