Part 21

3.3K 297 10
                                    

Unicode

"ရာမီကိုရော ခေါ်မှာနော်။"

"အင်း မင်းကြိုက်တာ ယူလာလို့ရတယ်။ ဟိုမှာ ဝယ်လည်း ရတယ်။''

ရှစ်ယင်က ယဲ့မီရဲ့ လက်မောင်းကို ဆွဲချိတ်ပြီး ပုခုံးမှာ မှီလိုက်တယ်။ သူတို့က အခု ဘယ်အဆင့်ကိုရောက်နေပြီလဲ။

"ကျွန်တော်က ခင်ဗျားအတွက် ဘယ်လိုဖြစ်တည်မှုလဲ။"

"ကိုယ်က စကားကို နူးနူးညံ့ညံ့မပြောတတ်ဘူး။ ကဗျာတွေစာတွေလည်း မဖွဲ့နွဲ့တတ်ဘူး။"

ရှစ်ယင်ဟာ ကောင်းကင်ပေါ်က လမင်းကြီးကို ကြည့်နေရင်းနဲ့ ယဲ့မီပြောတာတွေကို နားထောင်နေတယ်။ သူသိတာပေါ့။ ဒီလူဟာ စကားကို တုံးတိပဲ ပြောတတ်တယ်ဆိုတာကို။

"မင်းက ကိုယ့်အတွက်တော့ ဘဝသွေးကြောလေး။ မင်းမရှိရင် ကိုယ့်ဘဝက အသက်မရှိတော့သလိုမျိုး။"

"အဟီး.....ကျွန်တော့အတွက်တော့ ခင်ဗျားက အရာရာပဲ........ မသိတော့ဘူးဗျာ။"

ရှစ်ယင်ဟာ မျက်နှာလေးနီရဲပြီး ထိုင်နေရာကနေ ထကာ ထွက်ပြေးဖို့လုပ်တယ်။ ဒါမဲ့ သူဟာ လက်ကောက်ဝတ်ကနေ ဆွဲခံလိုက်ရပြီး ကုတင်ပေါ် ပစ်တင်ခံလိုက်ရတယ်။ ရှစ်ယင်ဟာ အလန့်တကြားနဲ့ ထပြေးဖို့ကြံတော့ ယဲ့မီဟာ လက်နှစ်ဖက်ကို ခေါင်းရင်းမှာ စုပြီး ချုပ်ထားတယ်။

ယဲ့မီရဲ့ ခေါင်းဟာ တဖြည်းဖြည်းနိမ့်ကျလာတော့ ရှစ်ယင်ဟာ မျက်လုံးကို စုံမှိတ်ပြီး နှုတ်ခမ်းကို နည်းနည်းလေး ထော်ပေးလိုက်တယ်။ ဒါပင်မဲ့ သူခန့်မှန်းထားသလို အနမ်းဟာ ရောက်မလာလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ယဲ့မီဟာ သူ့မေးစေ့ကို စိုက်ကြည့်နေတာ တွေ့ရတယ်။

"ဘာ..... ဘာလို့ လူကို စိုက်ကြည့်နေတာလဲ။"

"မင်းရဲ့ ဒဏ်ရာတွေ ပျောက်သွားပြီလားကြည့်နေတာ။ အမာရွတ်တွေ ကျန်ခဲ့မှာ ဆိုးလို့။ပြီးတော့ လက်ကော ပြပါဦး။ မြေကြွက်ကိုက်ထားတာ ပျောက်ပြီလား။"

သူ့လက်ကို ဆွဲယူကာ အသေအချာကြည့်ပေးနေတဲ့ ယဲ့မီ။ ရှစ်ယင်ဟာ ရှက်လွန်းလို့ ကြွက်တွင်းထဲသာ ဝင်နေလိုက်ချင်တယ်။ သူက ဟိုဟာလုပ်တော့မယ် ထင်နေတာလေ။ ဘာကြောင့် အမာရွတ်လာကြည့်နေရတာလဲ။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now