Part 13

3.9K 367 26
                                    

Unicode

မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပုံများ ရှစ်ယင်နိုးလာတော့ သူဟာ ယဲ့မီရင်ခွင်ထဲမှာ ရှိမနေပဲ ခုတင်ထောင့်လေးမှာ စောင်နဲ့ဖက်ထုတ်လေးလိုပတ်ထားခံရတာပဲ။ဒီလူကြီးကတော့။ဘေးကို ကြည့်လိုက်တော့ လူကြီးမင်းယဲ့ဟာ ရှိမနေတော့ပါ။

သူ စိတ်ညစ်ညစ်နဲ့ ရာမီကို အကျယ်ကြီး အော်ခေါ်လိုက်တယ်။ဒီလိုဆိုတော့ ရာမီဟာ လာရှာသား။ သူ့ဘေးနားကို တက်ကြွတဲ့ ကြက်ဖခြေလှမ်းနဲ့ လာပြီး သူ့ကို ပတ်ထားတဲ့ စောင်အနားစကို ရှာပြီး သွားနဲ့ ကိုက်ဆွဲတယ်။ ပြီးတာနဲ့ ထိုင်ခုံပေါ်က အသင့်ပြင်ထားတာလား မသိတဲ့ အင်္ကျီကို သူ့စီယူလာပေးတယ်။ ဟုတ်သား။ သူမနေ့ညက ဘာအဝတ်မှ မဝတ်ထားပဲလေ။

အင်္ကျီဝတ်ပြီးသွားတော့ ရာမီဟာ ပြန်ထွက်သွားတယ်။ သူလည်း ရေချိုးခန်းထဲ ဝင် မျက်နှာသစ်ပြီးတော့ အပြင်ထွက်လာတော့ ရှီဖိန်းနဲ့ တန်းတိုးတယ်။

"ရှီဖိန်း။ ယဲ့လူကြီးမင်း ဘယ်မှာလဲ။"

"ဟို အစ်ကိုလေး။ အိမ်ကို ဧည့်သည်ရောက်နေတယ်။"

"ဘယ်သူရောက်တာလဲ။"

ရှီဖိန်းဟာ မသက်သာတဲ့ မျက်နှာနဲ့ ဧည့်ခန်းကို တစ်ချက်ကြည့်ကာ သူ့ကို ပြောလာတယ်။

"ပြဇာတ်ရုံမှာ ကပြမဲ့ ကချေသည်မလေးပါ။ရှန်ဟိုင်းကနေ ရောက်လာတုန်း သခင်ကြီးရဲ့ ပြဇာတ်ရုံမှာ ကချင်လို့ ကမ်းလှမ်းတာ ထင်တယ်။အဲ့မိန်းကလေးက နာမည်ကြီးတယ် အစ်ကိုလေးရဲ့။ သခင်ကြီးရဲ့ ပြဇာတ်ရုံမှာသာ ကပြရင် ပြဇာတ်ရုံက ပိုနာမည်ကြီးလာမယ်ထင်တယ်။  "

"ဟုတ်လား။အဲ့လောက်တောင်လား။"

ရှစ်ယင်ဟာ အကြံဇိုးလေးနဲ့ ဧည့်ခန်းက ထိုမိန်းကလေးကို ကြည့်လိုက်တယ်။ ဆိုးတော့ မဆိုးပါဘူး။အကိတ်ကြီး။လှတော့ လှသား။

ဒါမဲ့ ငါက ပိုလှတယ်လေ။မိန်းကလေးတွေလောက်တော့ မဟုတ်ပင်မဲ့ ငါလည်း ကိတ်ပါတယ်။

သူ အမြန်ပင် ရာမီဆီတန်းနေအောင် ပြေးသွားလိုက်တယ်။ပြီးတာနဲ့ ရာမီကို စိတ်တိုအောင် အမြှီးကို အသားကုန်ဆွဲပြီး ပါးစပ်နဲ့ ကိုက်ချလိုက်တယ်။ မရွံ့ဘူးလားဆိုတော့ သူကိုယ်တိုင် မနေ့က ရေချိုးပေးထားလို့လေ။ ရေချိုးပေးရင်းနဲ့ ဆပ်ပြာနဲ့ ခြေချော်ပြီး အကောင်ပေါက်ပုံ ပြောင်းသွားတာတော့ မပြောတော့ပါဘူး။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now