Part 30[The End]

4.7K 281 17
                                    

Unicode

"လောင်ဟွေး!.......ဆခါဒါရိ အသက်ရှုူနေသေးတယ်။ သယ်ပြီး ဆေးရုံကို အမြန်ခေါ်သွား။"

Mr.YeMi ဟာ လောင်ဟွေးပေါင်ပေါ်က မေ့မျောနေတဲ့ ဆခါဒါရိရဲ့ လည်ပင်းကို လက်နဲ့ထိပြီး ပြောလိုက်တော့ လောင်ဟွေးဟာ ပြာပြာသလဲနဲ့ ဆခါဒါရိရဲ့ ရင်ဘက်ပေါ် နားကပ်ကာ ဝုန်းခနဲထရပ်ပြီး ဆခါဒါရိကို ပွေ့လိုက်သည်။ပြီးနောက် ကားဆီကို ဝုန်းဒိုင်းကြဲ ပြေးချသွားတော့သည်။

Mr.YeMi ဟာ ရှစ်ယင်နားကို ပြန်လာပြီး ရာမီကို ပွေ့လိုက်တော့ အသက်မျှင်မျှင်ရှုူနေသေးတဲ့ ရာမီကြောင့် သူလည်း ရှစ်ယင်ကို ခေါ်ပြီး ကားစီ တန်းလာလိုက်တော့တယ်။

"ဒါ ဒါဆို ရာမီ မသေသေးဘူးပေါ့နော်။"

ငိုယိုကာ ကားမောင်းနေတဲ့ သူ့ကို ကြည့်လိုက် ပေါင်ပေါ်က ရာမီကို ကြည့်လိုက် လုပ်နေတဲ့ ရှစ်ယင်။ ဆေးရုံရှေ့ရောက်တော့ ရာမီကို ပွေ့ပြီး ဆရာဝန်ဆီခေါ်လာလိုက်တော့။

"ကျွန်တော်တို့က တိမွေးကု မဟုတ်တော့ ကျားသစ်ကို ကုပေးဖို့ မဖြစ်နိုင်.."

"ဘာ! ဒီလောက် ကြီးတဲ့ ဆေးရုံကြီးမှာ ရာမီကို ကုနိုင်တဲ့လူ မရှိဘူးလား။ ဟမ်? '

ဆရာဝန်ရဲ့ ဂျူတီကုတ်ကို ပြေးဆွဲနေတဲ့ ရှစ်ယင်ကို Mr.YeMi ဟာ ခါးကနေ ချုပ်ထားလိုက်တယ်။

"တိမွေးကု တစ်ယောက်တောင် မရှိဘူးလား!"

"ရှိ....ရှိတော့ ရှိပါတယ်။"

Mr.YeMi ရဲ စူးရှတဲ့ အကြည့်ကြောင့် ဆရာဝန်ဟာ နောက်ဆုတ်သွားပြီး ခေါင်းငုံ့ကာ တိမွေးကုကို သွားခေါ်တယ်။

"ယဲ့လူကြီး.....ရာ ရာမီကို ကယ်နိုင်မှာပါနော်။ ဟုတ်တယ်မို့လား။'

မျှော်လင့်ချက်တွေ ပြည့်နေတဲ့ မျက်ဝန်းနဲ့ သူ့ကို ကြည့်ကာ ဆိုလာတဲ့ ရှစ်ယင်။ ပိန်သွားလိုက်တာ။ မျက်တွင်းလေးတွေတောင် ချိုင့်လို့နေပြီ။ သူချစ်ရတဲ့ ပါးပြင်လေးဟာလည်း ချိုင့်ဝင်နေတယ်။ ပါးပြင်လေးကို ခပ်ဖွဖွ အုပ်ကိုင်လိုက်တယ်၊

"သေချာပေါက် ကယ်နိုင်မှာပါ။"

သူ့ရင်ခွင်ထဲ တိုးဝင်လာတဲ့ ကိုယ်လုံးလေး။ သူ တင်းတင်းကြပ်ကြပ်လေး ဖက်ထားလိုက်တယ်။ လွမ်းလွန်းလို့ ရူးမတက်ပဲ။ပြန်တွေ့တော့လည်း နာကျင်စရာတွေနဲ့။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now