Part 25

2.8K 259 13
                                    

Unicode

"ပြန်မယ်လို့။ ရာမီ ညနက်နေပြီလေ"

ဆခါဒါရိဟာ ကားအောက်ထဲမှာ ပေတေနေနေတဲ့ ရာမီကို လှမ်းဆွဲရင်းပြောတယ်။ ဆွဲပင်မဲ့လည်း လက်က မမှီ။ဒီ ရာမီတစ်ကောင်နဲ့တော့ သူညည့်နက်တော့မှာပဲ။

"ရှစ်ယင်ကိုယ်တိုင်က သူ့ယောက်ျားနောက်က ပြန်သွားပြီ။ မင်းပဲ ကျန်တာ ရာမီရဲ့။ ဟိုက ထွက်သွားပြီ။"

ရာမီဟာ အဲ့တော့မှ သူ့ကို စောင်းကြည့်လာပြီး ကားအောက်ထဲက ထွက်လာတယ်။ တော်တော်မောတယ်။

မဲပြီး ဆူပုတ်နေတဲ့ ရာမီနဲ့ သူ့ရဲ့ ကိုယ်ပိုင်ကား ပါမလာတဲ့ ဆခါဒါရိနဲ့တော့ ဟုတ်နေပါပြီ။ ဒီလို့ဖစ်မယ်မှန်း ကြိုသိရင် သခင်ကြီးနောက်မလိုက်ပဲ ကိုယ့်ကားနဲ့ကိုယ် လာပါတယ်။ ခုတော့ အကျိုးတွေ နည်းကုန်ပြီ။

ဆခါဒါရိက လမ်းလျှောက်ပြန်ရမဲ့ အကြောင်းကို တွေးရင်း ရာမီနဲ့ ဘေးချင်းကပ် လမ်းလျှောက်လာလိုက်တယ်။ထိုအချိန် ဘေးနားမှာ လာရပ်တဲ့ ကားတစ်စီး။ ရှန်ဟိုင်းမှာ လူကြီးတွေများတာမို့ ကားတွေများတာ မထူးဆန်းပါ။ ဒါမဲ့ ဒီကားကတော့ သူ့ဘေးနားကနေ ဖြေးဖြေးကပ်မောင်းနေတာမို့ သူ လျှောက်နေရာကနေ ရပ်လိုက်ပြီး ကားမှန်တံခါးက်ု ခေါက်လိုက်တယ်။ မှန်မဲကာထားတာမို့လို့ အထဲကို မမြင်ရ။

ကျလာတဲ့ တံခါးနဲ့အတူ မျက်နှာချောချောဟာ ထွက်ပေါ်လာတယ်။

"ကိုယ် လိုက်ပို့ပေးရမလား အချစ်လေး"

ဘေးနားကနေ ကားနဲ့ကပ်လိုက်လာတာက နာရီဝက်လောက်ရှိပြီ။ သူ တံခါးခေါက်မှ လိုက်မလားမေးတဲ့ လောင်ဟွေးရဲ့ မျက်နှာကို ရာမီရဲ့ ချီးသုတ်ထားတဲ့ ဖိနပ်နဲ့ ရိုက်ပေးချင်စရာပဲ။ တကယ်ကို ပါးရိုက်ချင်စရာ မျက်နှာပဲ။

"တော်ပါပြီ။ လမ်းလျှောက်သွားလည်း ရပါတယ်။"

"မင်းကတော့ ရပင်မဲ့ ဒီကောင်ကတော့ မရလောက်တော့ဘူး ထင်တယ်"

သူ့နောက်က ရာမီကို မေးငေါ့ပြတော့ သူ ရာမီကို နောက်ပြန်လှည့်ကြည့်လိုက်တယ်။ စောက်ကျိုးနည်း ကားတံခါးကို ပါးစပ်နဲ့ကိုက်ဖွင့်ပြီး ကားထဲ ဝင်ထိုင်နေသည့် ရာမီက သူ့ကို ကြည့်ပြီး ဟိုဘက်တိုးသွားတယ်။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now