Part 22

3.1K 287 20
                                    

Unicode

သူတို့ရှန်ဟိုင်းကို ရောက်တော့ Mr.YeMiရဲ့ အိမ်ကို သွားတယ်။ Mr.YeMi ရဲ့ ပိုင်ဆိုင်မှုတွေနဲ့အာဏာဟာ ဘယ်လောက်ကြီးမားလဲဆိုတော့ မြို့တိုင်းမှာ အိမ်ရှိသလို သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင်တောင် ထိပ်တန်းကနေ ပါနိုင်တယ်။ ပိုင်ဆိုင်တဲ့ ပြဇာတ်ရုံတွေဟာ နာမည်ကြီးမြို့တိုင်းမှာ ရှိတယ်။ပြီးတော့ အကြွေးတွေနဲ့ သိမ်းထားတဲ့ လယ်မြေယာမြေတွေလည်း မြို့တိုင်းလိုလို ရှိသေးတယ်။ မြေအောက်လောကမှာလည်း အကြီးစား လက်နက်တွေကို နိုင်ငံတကာနဲ့ အရောင်းအဝယ်စာချုပ်ချုပ်တယ်။

ဆခါဒါရိ တစ်ခုစဉ်းစားမိသွားတယ်။ လောင်ဟုန်စစ်။ လောင်ဟွေးရဲ့ အဖေ။ ထိုလူဟာလည်း တော်တော်ကို အန္တရာယ်များပြီး အာဏာကြီးတယ်။ မြေအောက်လောကမှာဆို ထပ်တန်းဝင်တယ်။ လက်နက်၊ ဘိန်း၊ လူကုန်ကူး၊ပြည့်တန်ဆာလုပ်ငန်း မကောင်းတာမှန်သမျှ လုပ်တာပါပဲ။ ဒီလိုပြောလို့ ဆခါဒါရိတို့ကလည်း လူကောင်းတွေလားဆိုတော့လည်း မဟုတ်ပါဘူး။သူတို့ကလည်း ကောင်းတဲ့ အလုပ်လုပ်နေတာမှ မဟုတ်တာ။

ဒီလိုတွေးလိုက်မှ လောင်ဟုန်စစ်တို့လည်း ရှန်ဟိုင်းကို ရောက်နေတာပဲ။ လေလံပွဲအတွက် လာတာပဲ ဖြစ်ရမယ်။ ဟိုတစ်နေ့ ချန်ကျီလာပေးသွားတဲ့ ဖိတ်စာအရ Mr.YeMi ကိုလည်း ထိုလေလံပွဲကို မဖြစ်မနေတက်ရောက်ဖို့ ရှန်ဟိုင်းကာချုပ်က မှာလိုက်သေးတယ်။သမ္မတနဲ့ နီးစပ်တဲ့ လူထဲက အကောင်ကြီးကြီးတွေလည်း တက်ရောက်မယ်ထင်တယ်။ ဒါဟာ အရမ်းကြီးကောင်းတဲ့ကိစ္စ မဟုတ်ဘူး။ လေလံပွဲမှာ ဘယ်သူက ဘာကို ကြံစည်မလဲ၊ ဘာတွေ လုပ်မလဲဆိုတာ မခန့်မှန်းနိုင်ဘူး။သတိကြီးကြီးထားတာ အကောင်းဆုံးပဲ။

ခုက ဂျာမနီနဲ့ ရုရှား နှစ်နိုင်ငံ စစ်ပွဲဖြစ်တော့မယ် အနေအထားမို့လို့ သူတို့ဟာ လက်နက်တော်တော်များများကို ထိုနှစ်နိုင်ငံကို တင်ပို့နေရတယ်။ ကြားထဲမှာ ရုတ်ရုတ် ရုတ်ရုတ် မဖြစ်တာ အကောင်းဆုံးပဲ။ နူးကလီးယားဗုံးနဲ့ လောင်ချာတွေကို Mr.YeMi ဟာ နိုင်ငံခြားကနေ ဝယ်ထားသေးတယ်။ခုချိန်တော့ သိပ်မလှုပ်ရှားသေးတာ ကောင်းတယ်။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now