Part 9

4.2K 411 15
                                    

Unicode

"ဂါဝါးဝါး!!"

နာတယ်လို့။ ဖြေဖြေးကိုက်ဟာ့။
ရာမီဟာ အလျင်စလိုဖြင့် ကိုက်ခဲထားတာကြောင့် ရှစ်ယင်ရဲ့ ဂုတ်ဖွေးဖွေးဟာ နာသထက်နာလာပြီ။ သို့ပင်မဲ့ သူဟာ စကားမပြောနိုင်တာမို့ ရုန်းကန်ရုံပဲ တတ်နိုင်တယ်။

"ဂီး!!!"

မာန်ဖီသံလေးကြောင့် ရာမီဟာ အရမ်းခဲထားမိတာကို လျော့လိုက်ပြီး မြေပေါ်ချပေးလိုက်တယ်။
ရာမီချပေးလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ရှစ်ယင်ဟာ လူပုံပြန်ပြောင်းသွားတော့တယ်။ ဝတ်လစ်စလစ်ဖြစ်နေတဲ့ ရှစ်ယင်ကြောင့် ရာမီဟာ အခန်းတစ်ခုထဲ ခပ်သွက်သွက်ပြေးပြီး အထဲမှာတွေ့တဲ့ အဝတ်စကို ယူလာပြီး ရှစ်ယင်ပေါ် လွှားပေးလိုက်တယ်။

ရှစ်ယင်ဟာ ရာမီပေးလာတဲ့ အဝတ်စရှည်ကို ကိုယ်မှာပတ်ပြီး ဘယ်နေရာရောက်နေလဲ ကြည့်တယ်။လမ်းကျဉ်းလေး တစ်ခုပဲ။ပြီးတော့ လမ်းပိတ်ကြီး။

"မင်း ငါ့ကို ဘယ်ခေါ်လာတာလဲ ရာမီ။"

ရာမီဟာ ထိုပိတ်ထားတဲ့ တံတိုင်းရဲ့အောက်နားမှာ ထောင်ထားတဲ့ အပြားကြီးကို ကိုယ်လုံးနဲ့ တွန်းဖွင့်တယ်။ ခွေးတိုးပေါက်လေးလို အပေါက်လေးဟာ ခပ်ဖြေးဖြေး ပေါ်လာတယ်။

"ဒါက ဘယ်သွားတဲ့ အပေါက်လဲ။"

ရာမီဟာ သူ့ကို မေးဆက်ပြတယ်။ သွား ဆိုတဲ့ သဘော။ သူခေါင်းခါလိုက်တယ်။အဲ့သေးသေးလေးထဲတော့ မသွားနိုင်ပေါင်။ ခုက အကောင်ပေါက်လေးလည်း မဟုတ်တော့ တွားသွားပြီး သွားရမှာ။ မြေကြီးတွေလည်း ပေဦးမှာ။

"နေပါဦး အဲ့ကနေ မင်းက ဘယ်သွားမလို့လဲ။"

ရာမီဟာ စိတ်မရှည်သလို သူ့ကိုခေါင်းနဲ့ တွန်းတယ်။

"ဟေ့ ဟေ့ အရမ်းကြီး မတွန်းနဲ့လေ။"

ရာမီဟာ ထိုအပေါက်ထဲ အရင်ဝင်သွားတယ်။ ဒါ့ကြောင့် သူလည်း ဟိုဟိုဒီဒီကြည့်ပြီး ထိုအပေါက်ထဲ ဝင်လိုက်ပင်မဲ့ တင်ပါးနားမှာ တင်းကြပ်သွားတာမလို့ ချွေးစီးပြန်သွားတယ်။ မဟုတ်သေးဘူး။ ပုခုံးတောင် ဆန့်သေးတာကို ဘယ်နှယ့် တင်ပါးကြမှ တစ်နေရတာတုန်း။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Unde poveștirile trăiesc. Descoperă acum