Part 3

5.2K 423 13
                                    

Unicode

Mr.YeMi ဟာ ရှန်ကျွင်းရဲ့ နာမည်ကြီး စားသောက်ဆိုင်ရဲ့ အခန်းတစ်ခန်းမှာ လာအနားယူတယ်။ ဒီတလောမှာ သူ့ရဲ့ စီပွားရေးကို တစ်ယောက်ယောက်က ခြေလာရှုပ်နေတာကို သူ့အနေနဲ့ အနည်းနဲ့ အများတော့ သတိထားမိတယ်။
ဒီလောကမှာ ဒါတွေက မကြာခန အဖြစ်များတယ် ဆိုပင်မဲ့။ ဒီတစ်ခါတော့ မတူဘူး။

"ဒေါက် ဒေါက်"

တံခါးခေါက်သံ အဆုံးမှာ သူ့အတွေးစတွေ ပျက်သွားတယ်။

"ဝင်ခဲ့"

ကောင်လေးဟာ အစားအသောက်တွေ ချပြီး ထွက်သွားတော့ သူ့အတွေးတွေ ပြန်များလာခဲ့တယ်။ ဆခါဒါရိဟာ သူ့လက်အောက်ကို ဝင်လာတာ ငါးနှစ်။ ငါးနှစ်ရှိပြီ။ ဂျပန်သုံ့ပန်းထဲကနေ လွတ်အောင် ကိုယ်လွတ်ရုန်းလာပြီး သူ့စီရောက်လာခဲ့တယ်။ သူ့ကိုသာ ကယ်တင်ပေးရင် Mr.YeMiရဲ့ လက်အောက်မှာ သစ္စရှိစွာ နေမယ်လို့ ကတိပေးပင်မဲ့ သူ့အနေနဲ့ အလုံးစုံ မယုံခဲ့ဘူး။ ဒါမဲ့ ပြသာနာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို သိနေတဲ့ အတွက်ကြောင့် သူသဘောကျလို့ လက်ခံထားတာ။

ဒါကို အခွင့်ကောင်းယူပြီး ဒီကောင်လေး သူ့နောက်ကျောကို ဓားနဲ့ ထိုးမယ့် အဖြစ်တော့ Mr.YeMi လက်ခံမှာ မဟုတ်ဘူး။ အင်္ဂလန်က လက်နက်တွေကို တိတ်တဆိတ် ဂျပန်ဆီ ပို့ရာမှာ ဆခါဒါရိက စိတ်မချလို့ လိုက်သွားခဲ့တယ်။ အဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် လုပ်ကြံသူဟာ သူ့အိမ်ထဲထိ လာလုပ်ကြံတယ်။ သူ့စိတ်ထဲမှာတော့ကိုယ်ရံတော် ဖြစ်တဲ့ ဆခါဒါရိက တမင် ရှောင်ပေးလိုက်တယ် လို့ပဲ ထင်နေတယ်။ ဒီလိုသာ မဟုတ်ဘူးဆိုရင် သူဒီကောင်လေးကို သံသယ ဖြစ်နေတာဟာ ရှက်စရာ ကောင်းလှတယ်။

သူဟာ အတွေးတွေကို မဖြတ်နိုင်ဘဲ အဖုံးအုပ်ထားတဲ့ ပေါက်စီပန်းကန်ကို ဖွင့်လိုက်တယ်။ခပ်လေးလေးတွေးနေရင်းနဲ့ ပေါက်စီတစ်လုံးကို ကောက်ညစ်လိုက်တယ်။ ပြီးတာနဲ့ ကိုက်လိုက်တဲ့ အချိန်မှာပဲ ပေါက်စီကနေ အသံထွက်လာတာမို့လို့ သူဟာ ပေါက်စီကို ပိုဖြစ်ညစ်မိသွားတယ်။

"ဂါဝါးဝါး!.."

သူကိုင်ထားတဲ့ ပေါက်စီကိုကြည့်လိုက်မိတော့ ပေါက်စီ မဟုတ်ဘဲ ဖြူဖြူလုံးလုံး အကောင်လေး ဖြစ်နေတာကို တွေ့လိုက်ရတယ်။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now