Part 15

3.8K 365 23
                                    

Unicode

"ပြောလေ။ မင်းမှာ ပါးစပ် မပါဘူးလား လောင်ဟွေး။"

လောင်ဟွေး အနေနဲ့ ဘာတစ်ခုမှ ပြောဖို့ စဉ်းစားထားတာ မရှိဘူး။ အဖေပြောသမျှ သူအကုန်လုပ်ပေးနေတာပဲလေ။ သူ့ရဲ့ လွတ်လပ်ခွင့်ကိုတော့ အစီရင်ခံနေမှာ မဟုတ်ဘူး။

"ကောင်းပြီ။ မင်းမပြောချင်လည်းနေ။ တစ်ခုပဲ ငါပြောလိုက်မယ်။ မင်း ကောင်မကို ငါ မမြင်အောင်တော့ ဝှက်ထား။ ငါတွေ့ပြီးမှ ငါ့အဆိုးမဆိုနဲ့။"

လောင်သခင်ကြီးဟာ လောင်ဟွေးကို တစ်ချက်မျှ ကြည့်ပြီး အိမ်တော်ထဲက ထွက်သွားတယ်။
လောင်ဟွေးက ထိုင်နေရာမှ ထလိုက်ပြီး စားပွဲပေါ်က စာရွက်ကို ကြည့်လိုက်တယ်။ ပြီးတော့ယူလိုက်ပြီး အိတ်ကပ်ထဲကို စနစ်တကျထည့်လိုက်တယ်။ အံကြိတ်ထားလွန်းလို့ ညောင်းလာပြီဖြစ်တဲ့မေးရိုးတွေဟာ တစ်ဆက်ဆက်တုန်ယင်လာတယ်။ အမေ့လက်ရေးလေးနဲ့ သူ့နာမည်ကို ရေးထားတဲ့ စာရွက်။အမေဆုံးကတည်းက သူကိုယ်နဲ့မကွာ ဆောင်ထားတဲ့အရာ။ အမှတ်တရဆိုလို့ ဒီစာရွက်လေးပဲ ကျန်ခဲ့တာ။ ဒါကိုတောင်လောင်သခင်ကြီးဟာ ဖျက်ဆီးချင်နေသေးတာ။
ရက်စက်လိုက်ပါ့ပေ့ ခင်ဗျားကြီးရယ်။

အင်္ကျီကို သပ်သပ်ရပ်ရပ်ပြန်ပြင်ပြီး လောင်ဟွေး
လောင်းကစားရုံကို လာတယ်။ ခုနလေးတင် လောင်သခင်ကြီး ခိုင်းသွားတဲ့ အရာကို သူလုပ်ရဦးမည်လေ။ Mr.YeMiရဲ့ အခြေအနေကို စောင့်ကြည့်ခိုင်းတယ်။ အဖေ ဘယ်ကို ဦးတည်နေလဲ သူခန့်မှန်းမိတယ်။ Mr.YeMiရဲ့ ပိုင်ဆိုင်မှုနဲ့ အာဏာကို အဖေ မက်မောနေတာ။

လောင်းကစားရုံထဲရောက်တော့ သူ့အပေါ်ကုတ်ကို ကိုယ်ရံတော်ဆီ ပေးထားပြီး သူ့မျက်နှာမှာ ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်လို အပြုံးမျိုး တပ်ဆင်လိုက်တယ်။ ပြီးတော့ မိန်းမလှလေးတစ်ယောက်ကို ခါးက ဆွဲပြီး သူ့နားခေါ်လိုက်တယ်။ ဒီလောင်းကစားရုံကို ကြိုက်ရတဲ့ အထဲမှာ ဒီက မိန်းမလှလေးတွေ မပါမဖြစ်။

ကြိုက်လို့တော့ မဟုတ်။ အလိုက်သိကြလို့။ အာရုံလာမနောက်ဘူး။ သူတို့ကိစ္စသူတို့လုပ်တယ်။ အခုလို သူဖက်လိုက်တော့လည်း အလိုက်သင့်လေး သူ့ပခုံးပေါ်မှီချပြီး Mr.YeMiရဲ့ စားပွဲဝိုင်းကို ခေါ်သွားတယ်။ သူ ဒီကို လာတိုင်း Mr.YeMiရဲ့ ဝိုင်းမှာပဲ လာထိုင်ဖြစ်တာ။ ကျန်တဲ့အချိန်ဆို မလာဖြစ်တာ များတယ်။ကျော်စရာမှ မကောင်းတာ။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Où les histoires vivent. Découvrez maintenant