Part 29

2.9K 262 23
                                    

Unicode

ရှစ်ယင်ဟာ လောင်ဟုန်စစ် လက်ထဲကနေ အမြန်ရုန်းထွက်ချင်နေသည်။ သူ လူပုံပြောင်းတော့မယ်လို့ ခံစားချက်ရနေပြီ။ ဒါမဲ့ ဒီလူ​ရှေ့မှာ ပြောင်းလို့ မဖြစ်။ ယဲ့လူကြီး ပြောထားတဲ့ စကားတွေ ပြန်ကြားယောင်လာတယ်။

"မင်း လူပုံပြောင်းတော့မယ်ဆို ကိုယ်နဲ့ ရာမီရှေ့ကလွှဲပြီး ဘယ်သူ့ရှေ့မှာမှ မပြောင်းမိစေနဲ့။ တကယ်လို့ မလွှဲသာတဲ့ အခြေအနေဆိုရင် အဲ့လူရဲ့ မျက်လုံးကို မင်းလက်နဲ့ ထိုးချလိုက်။ပြီးမှ မမြင်လောက်တဲ့ နေရာမှာ ပုန်းနေလိုက်။"

ရှစ်ယင်လည်း ထိုလူ စားပွဲပေါ်က ကော်ဖီခွက်ယူနေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ရုန်းထွက်ကာ ခုန်လိုက်သည်။ ထိုလူရဲ့ မျက်နှာရှေ့တည့်တည့်ကို ခုန်လိုက်ပြီး လက်နှစ်ဖက်လုံးနဲ့ လောင်ဟုန်စစ်ရဲ့ မျက်လုံးကို ထိုးချလိုက်ကာ ထွက်ပြေးလာလိုက်တယ်။

"အာ့"

လောင်ဟုန်စစ်ဟာ မမျှော်လင့်ထားတဲ့ တိုက်ခိုက်မှုကြောင့် ကိုင်ထားတဲ့ ကော်ဖီခွက်ပါ မှောက်ကျပြီး နာသွားတဲ့ မျက်လုံးကို မှိတ်ကာ ပိတ်ထားလိုက်မိတယ်။ ဘာဖြစ်သွားတာလဲ။

အနည်းငယ်သက်သာလာမှ သူ့ကို ထိုးချသွားတဲ့ ပေါက်စကို လိုက်ရှာရတယ်။ ဒီအကောင်လေးကတော့။

ထွက်ပြေးနိုင်လောက်မဲ့ နေရာတွေ လိုက်ရှာနေရင်းနဲ့ မထင်မှတ်ပဲ သူ့အင်္ကျီဝတ်ထားတဲ့ ပေါက်စကြီးကို တွေ့လိုက်ရတယ်။

"ပေါက်စ။ မင်းက ဘယ်လိုလုပ် ဒီမှာ ရောက်နေတာလဲ။ "

"ကျွန် ကျွန်တော် လမ်းမှားလာတာ။ ခွင့်ပြုပါဦး။"

သူ့ကို ပြာပြာသလဲ ပြောပြီး ထွက်ပြေးရန် ကြံနေသော ပေါက်စရဲ့ လက်ကောက်ဝတ်ကို ဆွဲထားလိုက်တယ်။ ဒီ အိမ်တော်ထဲကို သူ့ခွင့်ပြုချက်မရှိပဲ ဘယ်သူမှ ဝင်ခွင့်မရှိ။ အိမ်တော်ရဲ့ အတွင်းခန်းထိပါ ရောက်လာပုံထောက်ရင် သာမန်တော့ မဖြစ်နိုင်။

"ပြောစမ်း! Mr.YeMi လွတ်လိုက်တာလား။"

"မ... မဟုတ်ဘူး။"

Mr.YeMi က ပျောက်လို့တောင် လိုက်ရှာနေတဲ့ ကောင်လေးဆိုတော့ လွတ်လိုက်တာတော့ မဖြစ်နိုင်။ ဒီလို သူ့ရှေ့ ရောက်လာတာကိုတော့ ဝမ်းသာပင်မဲ့ ဒီထဲကို။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now