Part 16

3.7K 368 23
                                    

Unicode

ရှစ်ယင်ဟာ ယဲ့လူကြီးမင်းရဲ့ ပေါင်ပေါ်မှာ အကောင်ပေါက်လေးပုံစံနဲ့ ထိုင်နေရင်းကနေ
ဗိုက်ထဲက တဂွီဂွီနဲ့ ဆာလာတယ်။ သူ ယဲ့လူကြီးမင်းကို မော့ကြည့်လိုက်တော့ သူ့ကို အာရုံမရပဲ ဘေးဘီကို ကြည့်နေတာမို့လို့ သူလည်း ဘာမှမပြောပဲနဲ့ မီးဖိုခန်းလို့ ထင်ရတဲ့ အခန်းထဲ ဝင်လာလိုက်တော့ စားပွဲပေါ်က ပစ္စည်းတွေ မုန့်တွေဟာ ပြုတ်ကျလာပြီး မြေကြီးဟာလည်း အရမ်းလှုပ်ခတ်လာတယ်။ ဒါကြောင့် သူအပြင်ကို ပြန်ပြေးမယ်ကြံတော့ သူ့ရှေ့ကို ဗီရိုကြီးဟာ ပြုတ်ကျလာတာမို့ လန့်ပြီး အပေါ်ကို ခုန်လိုက်တော့ ပေါက်စီတွေထားတဲ့ စင်ပေါ်ကို ရောက်သွားတယ်။

"ဂါဝါး!"

ကြွက်ကြီး။ မြေကြွက်ကြီးလားမသိဘူး အကြီးကြီးပဲ။ သူ့ရှေ့မှာ ပေါက်စီကို တဖြဲနှဖြဲစားနေတာမို့လို့ သူကြောင်ကြည့်နေမိတယ်။ မကြာလိုက် သူ့ရှေ့ကို ရောက်လာပြီး သူ့မျက်နှာကို လာကိုက်တာမို့လို့ လက်နဲ့ အမြန်ကာလိုက်တယ်။ သူ့လက်သေးသေးကို ခဲထားတဲ့ ကြွက်ကြီးကြောင့် သူ အသံတောင် မထွက်နိုင်တော့။ သူ ကမ္ဘာပေါ်မှာ အကြောက်ဆုံးက ကြွက်ပဲ။ ရင်ဘက်ထဲက နှလုံးဟာ အပြင်ကို ခုန်ထွက်တော့မလိုပဲ။ ကြွက်ကြီးရဲ့ မျက်နှာဟာ အနီးကပ်ကြည့်မှ ပိုကြောက်စရာကောင်းပြီး မျက်လုံးကြီးကလည်း နီရဲနေတာပဲ။

အခန်းထဲကို တစ်ယောက်ယောက်ပြေးလာသံကြားတော့ ကြွက်ကြီးဟာ သူ့ရှေ့ကနေ ထွက်ပြေးသွားတယ်။ ပစ္စည်းတွေပြိုကျနေတဲ့ ကြားက ဘယ်သူပြေးဝင်လာတာလဲ ကြည့်လိုက်တော့ ယဲ့လူကြီးမင်းဖြစ်နေတယ်။ သူ့ကိုရှာနေတယ်ထင်ပါရဲ့ စားပွဲအောက်တွေကို လိုက်ရှာနေတယ်။

သူ အသံမထွက်နိုင်တော့ ခုနက ကြောက်စိတ်ကြောင့် လှုပ်ပင်မလှုပ်နိုင်တော့။ သူ ကိုက်ခံရတဲ့ လက်လေးကို ဖိပြီး ကွေးကာ နေလိုက်တယ်။

"ဂါဝါး~"

လေတောင် မတိုးတော့တဲ့ အသံနဲ့ သူ အော်ပင်မဲ့ မကြားဘူးထင်တယ်။ နာရီဝက်လောက်ကြာတော့ သူ့ရဲ့ခါးကို လာညစ်တာမို့ သူ ကိုက်ခဲလိုက်တယ်။ပြီးတော့ သူဟာ လေဟာနယ်ထဲ ပစ်ခံလိုက်ရသေးတယ်။ သူမော့ကြည့်လိုက်တော့ ယဲ့လူကြီးမင်းဟာ မျက်ရည်ကြည်တွေနဲ့ သူ့ကိုကြည့်လာပြီး ရင်ခွင်ထဲကို ထည့်ကာ အသားကုန်ပြေးတယ်။ သူကတော့ ခုနက ကိုက်ခံရတာ ပေါက်သွားတယ် ထင်ပါရဲ့ အရမ်းငိုက်လာတာမို့လို့ အိပ်ပျော်သွားတော့တယ်။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now