part 23

2.9K 271 40
                                    

Unicode

Mr.YeMi က ရှစ်ယင်ရဲ့ လက်သွယ်သွယ်ကို ကိုင်ပြီး ဓာတ်ပုံရိုက်မယ့် ဆိုင်ထဲ ဝင်လာလိုက်တယ်။ ရှစ်ယင်ဟာ Mr.YeMi ရဲ့ လက်မောင်းကို ခပ်တင်းတင်းဖက်ပြီး ခေါင်းကို ယဲ့လူကြီး ပုခုံးပေါ်မှီလိုက်တယ်။ ဓာတ်ပုံဆရာက အလှဆုံးပြုံးနေတဲ့ နှစ်ယောက်ပုံကို အမိအရရိုက်ယူလိုက်တယ်။ ရိုက်ပြီးတဲ့ ဓာတ်ပုံလေးနှစ်ပုံကို ခပ်မြန်မြန်ခါပြီး ကြည့်လိုက်တော့ Mr.YeMiဟာ ရှစ်ယင်ကို ခေါင်းစောင်းကြည့်နေတဲ့ ပုံလေးဟာ အထင်းသား။

"ဓာတ်ပုံရိုက်ပြီးပြီဆိုတော့ ဘယ်သွားချင်လဲ ယင်။"

"မသိဘူး.... ဒီနေရာမှာ ဘာတွေရှိလဲ ကျွန်တော်မသိဘူး။ "

"ဒါဆို ကိုယ့်နောက်လိုက်ခဲ့ပေါ့။"

ရှစ်ယင်ရဲ့ နှာခေါင်းထိပ်လေးကို ညစ်ပြီးပြောတော့ ရှစ်ယင်က နှာမှုတ်တယ်။ ဒီလူကြီးလုပ်ပုံကတော့ မြေးနဲ့အဖိုး ဈေးဝယ်ထွက်လာတဲ့ ခံစားချက်ပဲ ရနေတယ်။ခေါင်းကိုပုတ်လိုက် နှာခေါင်းကို ညစ်လိုက်နဲ့။

ယဲ့မီက ကားတံခါးကို ဖွင့်ပေးပြီး ရှစ်ယင်ကို ဝင်စေတယ်။ ပြီးမှသူဟာ မောင်းသူနေရာကို ဝင်လာလိုက်တယ်။ ဆခါဒါရိကိုတော့ မခေါ်လာဖြစ်ဘူး။ ရှန်ဟိုင်းက ဂိုဏ်းမှာပဲ နေစေလိုက်တယ်။

"ဘယ်သွားမှာလဲ။"

ရှစ်ယင်က ယဲ့မီရဲ့ စတီယာတိုင်မှာ ကိုင်ထားတဲ့ လက်ပေါ်ကို လှမ်းအုပ်ပြီး ပြောလာတော့ ယဲ့မီက ထိုလက်လေးကို အသေအချာဆုပ်ကိုင်ပြီး ရှစ်ယင်ရဲ့ ပေါင်ပေါ်မှာ တင်ထားလိုက်တယ်။ လက်တစ်ဖက်တည်းနဲ့ မောင်းလာလိုက်တယ်။

"မပြောပြဘူး။"

"မပြောလည်း နေပေါ့။ ရောက်ရင် သိမှာပဲကိုး။"

ယဲ့မီဟာ သဘောတကျပြုံးလိုက်တယ်။ရှစ်ယင်ရဲ့ လက်ကို ဖြစ်ညစ်ပြီး အနမ်းပေးလ်ိုက်တယ်။သူ ခုတလော ခံစားချက်တွေ သိပ်မကောင်းဘူး။ တစ်ခုခုကို ဆုံးရှုံးတော့မလိုပဲ။ အဲ့ဒီဆုံးရှူံးတဲ့အရာက ရှစ်ယင်မဖြစ်ဖို့ပဲ မျှော်လင့်တယ်။

ရှစ်ယင်က ယဲ့မီဘေးမှာ ထိုင်ရင်းနဲ့ အိပ်ငိုက်လာတယ်။ ဒါမဲ့ သူအိပ်သွားရင်လည်း ယဲ့မီတစ်ယောက်တည်း ဖြစ်နေမှာ စိုးလို့ မျက်လုံးကို အသားကုန်ပြူးထားပင်မဲ့ မရတော့ နောက်ဆုံးတော့လည်း သူအိပ်ပျော်သွားတာပါပဲ။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Où les histoires vivent. Découvrez maintenant