Part 27

2.6K 258 8
                                    

Unicode

Mr.YeMi ဟာ နေရောင်စူးစူးကြောင့် နိုးလာခဲ့တယ်။ ဒါမဲ့ သူ့ရင်ခွင်ထဲမှာ ရှစ်ယင်ဟာ ရှိမနေခဲ့ပါ။ သူ ထထိုင်ပြီး ပတ်ပတ်လည်ကို လိုက်ကြည့်တယ်။ ရှစ်ယင်ရဲ့ ပစ္စည်းတွေနဲ့ ပြည့်နက်နေတဲ့ သူ့အခန်းကြောင့် သက်ပြင်းချလိုက်မိတယ်။ တော်သေးတာပေါ့။

ကုတင်ပေါ်က ဆင်းပြီး ကိုယ်လက်သန့်စင်ကာ ရာမီ့အခန်းထဲမှာ ရှိနေလောက်မဲ့ ရှစ်ယင်ကို သွားရှာတော့ အိပ်ပျော်နေတဲ့ ရာမီကလွှဲ ဘယ်သူမှ မရှိ။

"ယင်....... ရှစ်ယင်.... ဘယ်ရောက်နေတာလဲ။"

မီးဖိုချောင်ထဲဝင်လာကြည့်တယ်။ ရှီဖိန်းကလွှဲ ဘယ်သူမှ မရှိ။

"ရှီဖိန်း.... ယင်ကော ဘယ်မှာလဲ။"

"မသိဘူး သခင်ကြီး။ အိပ်ခန်းထဲက ထွက်လာတာ မတွေ့မိပါဘူး။"

Mr.YeMi အိပ်ခန်းထဲ ပြန်လာရှာတယ်။ အပြင် ဝရံတာနဲ့ ဗီရိုထဲတွေပါ ရှာကြည့်လိုက်တယ်။ မဟုတ်သေးပါဘူး။ ဒီကလေး ဘယ်သွားနေတာလဲ။ ကုတင်ခြေရင်းနားကို လျှောက်လာလိုက်တော့ သူ့ခြေထောက်ကို စူးသွားတဲ့ အရာတစ်ခု။ သူကောက်ကိုင်လိုက်တော့ လက်စွပ်လေး။ သူ ရှစ်ယင်ဆီ လက်ထပ်ခွင့်တောင်းတုန်းက လက်စွပ်လေး။ ဒီလက်စွပ်က ဘယ်လိုလုပ်။

"ကျွန်တော် လက်မထပ်ချင်သေးဘူး။"

ရှစ်ယင်ရဲ့ စကားဟာ သူ့နားထဲ ပြန်ကြားယောင်လာတယ်။

မဖြစ်နိုင်တာ။ လက်မထပ်ချင်တာလောက်နဲ့ ထွက်ပြေးလောက်မယ့် ကလေးမဟုတ်ဘူး။ တစ်ခုခုပဲ။ ဟိုဘက်ကို ပြန်ရောက်သွားတာများလား။ ဒါပင်မဲ့ ရှိီဖိန်းက ရှစ်ယင်ကို သိနေသေးတယ်။

Mr.YeMi ဟာ စိတ်ရှုပ်စွာနဲ့ ဆံပင်ကို ဖွာလိုက်တယ်။ နောက်တစ်ခေါက် ရာမီ အခန်းထဲ ဝင်ရှာတော့ ရာမီလည်း နိုးနေတယ်။

"ရာမီ.... ရှစ်ယင် ဒီမှာရှိလား။"

ရာမီဟာ သူ့ကို ဂရုမစိုက်ပဲ ဟိုဘက်လှည့်သွားတယ်။ သူ ရာမီနားကို သွားပြီး ဒူးထောက်ချလိုက်တယ်။ ရာမီရဲ့ ခေါင်းကိုကိုင်ကာ မျက်လုံးချင်းဆုံစေလိုက်တယ်။

"ရှစ်ယင် ဒီမှာရှိလား။ မလိမ်နဲ့။ ငါ စနောက်ပြီး မေးနေတာ မဟုတ်ဘူး။"

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now