Part 7

4.5K 405 8
                                    

Unicode

"ကျွန်တော် တကယ်ပြောနေတာ မယုံဘူးလား။"

ရှစ်ယင်ဟာ သူ့ ဖြစ်စဉ် အဆင့်ဆင့်ကို ထိုလူအား ပြောပြနေပင်မဲ့ ထိုလူဟာ သူ့ကို လျစ်လျူရှုပြီး ထိုစားပွဲပေါ်က စာရွက်ကိုသာ ကြည့်နေရင်း အလုပ်ရှုပ်နေသည်။ သူ့ ထိုလူ့ကို နာမည်လည်း ပြောပြပြီးပြီ။ ဘယ်ကလာမှန်းလည်း ပြောပြီးပြီ။ ဒါပင်မဲ့ ထိုလူဟာ သူ့ကို စိတ်မနှံ့တဲ့လူကို ကြည့်သလို ကြည့်နေတာမို့လို့ သူ ထပ်ပြောနေရချင်းပင်။

သူ့ပုခုံးကနေ လျောကျလာတဲ့ အဝတ်ဆိုတဲ့ အရာကြီးက သူ ဝတ်တတ်သလို ဝတ်ထားလို့ ပုံမကျ ပန်းမကျ။ သူဆွဲတင်လိုက်ပြီး ကြမ်းပြင်ပေါ် တရွတ်တိုက် ဖြစ်နေတဲ့ ဘောင်းဘီကို မတင်လိုက်တယ်။ ပြီးတာနဲ့ ထိုလူနားကို သွားပြီး ထပ်ပြောကြည့်တယ်။ ဖြစ်နိုင်ရင် သူ အမြန်ဆုံး ပြန်ချင်ပြီ။ အစ်ကိုတော်တို့ အသက်ရှင်ရဲ့လား သိချင်သေးပါရဲ့။

ထိုလူဟာ သူ့ကို လုံးဝ လျစ်လျူရှုထားသည်။ ထိုအချိန် အခန်းထဲကို ရာမီဟာ ခပ်ကုပ်ကုပ်ဝင်လာတယ်။ ပြီးတော့ သူ့ကို မျက်စောင်းထိုးပြီး ထိုလူစီ လျှောက်လာခဲ့တယ်။ငါ့ကိုလည်း ကိုက်ထားသေးတယ် သူက တပြန်ကြီး လာကြည့်နေတယ်။ရာမီဟာ သူ့အောက်ကနေ ဖြတ်သွားပြီး ထိုလူရဲ့ ဒူးခေါင်းကိုပွတ်သီးပွတ်သပ် လုပ်နေပြန်တယ်။

"ဒါနဲ့ ခင်ဗျား နာမည် ဘယ်လိုခေါ်လဲ။ ဒီနေရာကရော ဘာတိုင်းပြည်လဲ။ "

ထိုလူဟာ သူ့ကို မကြည့်ပဲ ဖြေလာတယ်။

"ကိုယ့်နာမည်က YeMi။ ဒီနေရာက ရှန်ကျင်းမြို့။ နောက်ပြီး..."

ထိုလူဟာ သူ့ကို ကြည့်လာတယ်။

"မင်းက အကောင်ပေါက်ကနေ လူဖြစ်လာတယ်ဆိုပင်မဲ့ မင်းက သေးသေးလေး မဟုတ်တော့ ကိုယ် အလကားတော့ တင်ကျွေး မထားနိုင်ဘူး။
ကိုယ်ပြောတာ သဘောပေါက်လား။"

ထိုလူဟာ အေးစက်စက်နိုင်တယ်လို့ သူထင်တယ်။ ဒီက ဘယ်ကနေ ဘယ်လို ဒီနေရာကို ရောက်လာမှန်း မသိပါဘူးဆို သူက အလုပ်လာလုပ်ခိုင်းနေတယ်။

"ဟေ့ ဘာလို့ မျက်ရည်ကျနေတာလဲ။ ကိုယ် မင်းကို ထိတောင် မထိရသေးဘူးနော်။"

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now