Part 6

4.5K 436 15
                                    

Unicode

YeMi အခန်းထဲကို အမြန်လျှောက်လာလိုက်တော့ ဗီရို အောက်ထဲကနေ အကောင်ပေါက်ဟာ ပြေးထွက်လာပြီး သူ့ဆီ ခုန်လာခဲ့တယ်။ နောက်ကနေလည်း ရာမီက ပြေးလိုက်လာတယ်။ YeMiဟာ အမြန်ပဲ ထို အကောင်ပေါက်ဆီ လက်လှမ်းလိုက်တော့ အကောင်ပေါက်ဆီကနေ ရုတ်တရက် အလင်းတန်းတွေ ဖြာထွက်ခဲ့တော့ မျက်စိဆူးသွားတာမို့ မျက်လုံးကို မှိတ်လိုက်မိတယ်။

သူ့အပေါ် လူတစ်ယောက် ပိကျလာပြီး သူလည်း မခံနိုင်ပဲ နောက်ပြန်လှဲကျသွားပြီး မျက်လုံးဖွင့်လိုက်တော့  ဝတ်လစ်စလစ်နဲ့ ကောင်လေးတစ်ယောက်။ထိုကောင်လေးဟာ မျက်လုံးကို တင်းနေအောင် ပိတ်ထားပြီး နှုတ်ခမ်းကနေ ကျယ်လောင်စွာ အော်နေတယ်။

"အား!!!!"

သူ အလန့်တကြား ထိုကောင်လေးရဲ့ အောက်ပိုင်းကို ကြည့်လိုက်တော့ ထိုကောင်လေးရဲ့ ပေါင်တံကို ကိုင်ခဲထားတဲ့ ရာမီကို တွေ့တာမို့ အော်လိုက်တယ်။

"ရာမီ! လွတ်လိုက်စမ်း!"

ရာမီဟာ သူ့အသံကြားတော့ အလျင်စလို လွတ်လိုက်တာမို့ လို့ ထိုကောင်လေးရဲ့ ပေါင်တံထဲ စိုက်ဝင်နေတဲ့ ရာမီရဲ့ သွားကနေ သွေးတွေဖြန့်ခနဲ ဖြစ်သွားတယ်။ ကောင်လေးဟာ နာလို့လားမသိ သူ့ ပုခုံးကို ကိုက်ခဲလာတယ်။ သူလည်း အမြန်ပဲ ထိုကောင်လေးရဲ့ ပေါင်တံကို လက်နဲ့ အုပ်ပြီး သွေးတွေ ဆက်မထွက်အောင် ဟန့်တားလိုက်တယ်။ ဒါပင်မဲ့ သူ့မျက်နှာကတော့ ရဲနေတာ သေချာတယ်။ ထိုကောင်လေးရဲ့ ကိုယ်ပေါ်မှာ အဝတ် တစ်ခုမှ မရှိတာ မို့လို့ ထိုကောင်လေးရဲ့ အနောက်ရပ်ဝန်းကို သူ့လက်နဲ့ ထိမိနေတယ်။

သူက ထိုကောင်လေးရဲ့ အောက်မှာ ရှိနေတာမို့ ထိုကောင်လေးကို ဘေးကို ခနတွန်းပြီး ပက်လက်လန်လိုက်မှ ပိုဆိုးသွားတယ်။ ထိုကောင်လေးရဲ့ မမြင်အပ်တဲ့ အရာကို သူ မြင်လိုက်တာမို့ မျက်နှာလွဲလိုက်ပြီး တင်ပါးအောက်က ကိုက်ခံထားရတာမို့ သူထိုကောင်လေးရဲ့ ခြေထောက်ကို မြောက်လိုက်တယ်။ပြီးတော့ ရာမီကို ကြည့်လိုက်တယ်။

"ဟို စင်ပေါ်က သဘက်သွားယူ ရာမီ။"

ရာမီ ယူလာပြီးတော့ သူ့လက်ထဲကို မျက်နှာငယ်နဲ့ ထည့်ပေးလာတယ်။ သူဆွဲယူပြီး ထိုကောင်လေးရဲ့ မမြင်အပ်တဲ့ အရာပေါ်ကို အုပ်ပေးလိုက်တယ်။ ပြီးတာနဲ့ ရှီဖိန်းကို အော်ခေါ်လိုက်တယ်။ ဘယ်လိုပဲ ဒဏ်ရာရနေတယ် ဆိုဦးတော့ ယောက်ျားတစ်ယောက်ရဲ့ ကိုယ်ဗလာကို မိန်းကလေးတစ်ယောက်ကိုတော့ မပြသင့်ဘူးမလား။ထိုကောင်မလေးက အခန်းထဲ ဝင်လာမှာတော့ မဟုတ်ပင်မဲ့ မတော်တဆ တွေ့သွားရင် မကောင်းဘူး။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Où les histoires vivent. Découvrez maintenant