Extra 1

2.9K 228 10
                                    

Unicode

"ရာမီ"

လောင်ဟွေးဟာ ရေတံခွန်နားမှာ ငါးတွေ လိုက်ဖမ်းနေတဲ့ ရာမီကို ဆွဲလိုက်တယ်။ ပြီးတော့ မြက်ခင်းပေါ် ထိုင်ချကာ ရာမီရဲ့ လည်တိုင်ကို ဖက်ကာ စံအိမ်ကြီး ရှိရာကို တစ်ချက် လှမ်းရှိုးလိုက်တယ်။

"မင်းပြောကြည့် အဲ့ကောင်ရှစ်ယင် ပါကင် မဖောက်ခံရသေးဘူးမလား။ ကိုကို ကိုကိုနဲ့ နေ့တိုင်း နားကို ညီးနေတာပဲ။ အဲ့တာထက် ငါတို့ နှစ်ယောက်ကိုလည်း Mr.YeMi အားကိုးနဲ့ အနိုင်ကျင့်သေးတယ်။ အချစ်လေးကပါ သူ့ဘက်ပါတော့ ဂျိုကြွနေတာ။ ငါတို့ပဲ သနားစရာကောင်းနေတာ မဖြစ်သင့်ဘူးမလား။"

မကျတဲ့ မျက်ရည်ကို ညစ်ထုတ်ပြီး ရာမီရင်ဘက်ကို ပြေးကပ်တယ်။ ရာမီကတော့ ငါးတွေကို ကြည့်ကောင်းတုန်း။

"ငါ့မှာ အကြံတစ်ခု ရှိတယ် ရာမီရ။"

လောင်ဟွေး မျက်နှာပေါ်က ညစ်ကျယ်ကျယ် အပြုံးကြီးကြောင့် ရာမီကြည့်နေတဲ့ ရေကန်ထဲက ငါးတွေဟာ ဖျက်ခနဲ ပျောက်ကွယ်သွားတော့တယ်။

"ဒီနေ့ အချစ်လေးက ဈေးသွားဝယ်ခိုင်းတယ်။မင်းရဲ့ သခင်ကြီးကလည်း ဥပုသ်စောင့်တဲ့ကျားလိုပဲ။ သုံးနှစ်တောင် အတူတူနေလာတာကို ဘာလို့ ဘာမှ မလုပ်သေးတာလဲ မသိဘူး။ "

ရာမီဟာ သူ့ကို ဖက်ထားတဲ့ လောင်ဟွေးကို မျက်ဖြူလန်ပြီး ကြည့်လိုက်တယ်။ သူ့ကျတော့ သုံးနှစ်လုံး ဘာလုပ်တာကျလို့။

ရာမီရဲ့ အကြည့်ကို လောင်ဟွေးမြင်တော့။

"ဟေ့ကောင် မင်း ငါ့ကို အဲ့လိုမကြည့်နဲ့ ငါက အချစ်လေး နာမှာဆိုးလို့။ အချစ်လေး လက်ခံတဲ့အထိ စောင့်နေတာ။ Mr.YeMi လည်း အဲ့လိုပင်မဲ့ အဲ့လိုမဖြစ်သင့်ဘူးလေ။ တော်ပါပြီ ငါဝင်ပါမှ ရတော့မယ်။ မဟုတ်ရင် Mr.YeMi ဒီတစ်သက် အသားစားရမှာ မဟုတ်တော့ဘူး။ တစ်ခါစားပြီးရင်လည်း အသားရဲ့ အရသာကို သိတော့ စွဲသွားလိမ့်မယ်။ ဟား...ဟား...။"

ဒီလိုနဲ့ လောင်ဟွေးဟာ ရာမီနဲ့ ပူးပေါင်းကြံစည်ပြီး မြို့ထဲမှာ ဆေးသုံးလုံးလောက်ဝယ်လာလ်ိုက်တယ်။ ဆေးကို ဝှက်ထားပြီး ညစာစားမဲ့ အချိန်ကို စောင့်တယ်။ ညစာစားပြီးရင် သူတို့တွေ ညတိုင်း ပုံမှန် နွားနို့သောက်ကြတယ်လေ။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now